မင်္ဂလာပါရှင်။ ဝမ်းဗိုက်ကအဆီတွေကို လျှော့ချချင်လို့ရတဲ့အပြင် တခြားကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာရှိနေတဲ့ လေ့ကျင့်ခန်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ အချိန်တကူးတက ပေးစရာမလိုဘဲ အိမ်မှာပဲ အဆင်ပြေသလို လုပ်လို့ရပါတယ်။

အခုပုံမှာပြထားတဲ့ လေ့ကျင့်ခန်းလေးပါ။ ကြည့်ရင်ခက်တယ်လို့ ထင်ရပေမယ့် တကယ်တော့ လွယ်လွယ်လေးပါပဲ။ သင့်ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ များစွာအကျိုးကျေးဇူးရှိနေလို့ Reverse Push-up ဆိုတဲ့ လေ့ကျင့်ခန်းလေးကို ဘယ်လိုလုပ်ရမလဲဆိုတာကို အရင်မျှဝေပေးပါမယ်။

ဘယ်လိုလုပ်မလဲ


အရင်ဆုံး ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ထောက်ထားပါ။

ပြီးရင် ခြေထောက်နှစ်ဖက်ကို ဖြောင့်ဖြောင့်ထားပြီး တင်ကနေ ခန္ဓာကိုယ်တစ်ခုလုံး အပေါ်ကိုကြွလိုက်ပါ။

ပြီးရင် အဲဒီအတိုင်း ၁၅ စက္ကန့် စက္ကန့် ၆၀ လောက်နေပါ။ ပြီးရင် နဂိုအနေအထားအတိုင်း ပြန်နေပါ။

အကျိုးကျေးဇူးတွေ

အချိန်ရရင် တစ်နေ့ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ အခုလို လေ့ကျင့်ခန်းလေး လုပ်ပေးလိုက်မယ်ဆိုရင်တော့ ခါးနာတာ နောက်ကျောနာတာတွေကို သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

ကိုယ်ဟန်အနေအထားကိုလည်း မတ်လာစေပြီး တင်သားလေးကိုလည်း လှပစေမှာပါ။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဝမ်းဗိုက်ကအဆီတွေကို လျှော့ချပေးနိုင်မှာပါ။