ရေသောက်ရင်းနဲ့ ဝိတ်ကျစေမယ်ဆိုတော့ နည်းနည်းတော့ထူးဆန်းနေတယ်မှတ်လား။ ဒါက အမှန်ပါပဲ။ ရေများများသောက်တဲ့အခါမှာ သင့်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကို လျော့နည်းသွားစေပြီး အသားအရေကိုလည်း လှပစေပါတယ်။

ဒါပေမယ့် ရေထဲမှာ ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ အသီးနှံတွေကိုထည့်ပြီး သောက်ပေးမယ်ဆိုရင်တော့ ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိစေပါတယ်။

ရှောက်သီးကို ရေထဲထည့်ပြီးသောက်တာက တော်တော်လေးကိုအကျိုးသက်ရောက်မှုများပါတယ်။ သင်သောက်နေကျရေဘူးထဲကို ရှောက်သီးအကွင်းလိုက် လှီးထားတာတွေကို ထည့်ပြီး ရေနဲ့ရောပြီးသောက်မယ်ဆိုရင်တော့ သင့်ကိုဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာရရှိနေစေပြီး သင့်အသားအရေကိုလည်း ကြည်လင်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့အဆီတွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် အဆီမရှိတဲ့ဝမ်းဗိုက်လေးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

ပန်းသီးလေးတွေကို အစိတ်ပါးပါးလေးတွေလှီးပြီး ရေဘူးထဲမှာထည့်ထားပေးလိုက်ပါ။ ရေဖြည့်ပြီး သစ်ဂျပိုးခေါက်တစ်ချောင်းကို ထည့်ပေးပြီး သောက်မယ်ဆိုရင်လည်း သင့်ကိုဝိတ်ကျဖို့အတွက် အထောက်အပံ့ကောင်းတွေဖြစ်စေမှာပေါ့။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ချေဖျက်ပေးနိုင်တာကြောင့် သင့်အသားအရေကိုလည်း ကြည်လင်ပြီးလှပလာစေမှာပဲဖြစ်ပါတယ်။

သရက်သီးနဲ့ ဂျင်းကိုရောပြီး ဖျော်ရည်လိုမျိုးလုပ်ပြီးသောက်မယ်ဆိုရင်တော့ အစာချေဖျက်မှုစနစ်ကို ကောင်းမွန်စေတာကြောင့် ဝိတ်လျော့တဲ့အခါမှာ သောက်သင့်တဲ့ ဖျော်ရည်တစ်ခုပါပဲ။ မနက်ပိုင်းမှာသောက်ပေးမယ်ဆိုရင်တော့ သင့်ကိုယ်အလေးချိန်ကိုလည်း လျော့နည်းစေပါတယ်။

Photo Source: Pinterest