အခုဆိုရင် လူငယ်တော်တော်များများ ကျန်းမာရေးလိုက်စားလာကြပြီး ခန္ဓာကိုယအလှပအတွက်ပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် Gym ကို အချိန်ပေးကစားလာကြတာတွေ့ရပါတယ်။ ဒါဟာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် Gym သွားကစားနေတဲ့သူတွေအနေနဲ့ မလုပ်သင့်တဲ့ အရာတွေကို မျှဝေပေးချင်ပါတယ်။

၁။ စက်ပစ္စည်းတွေကို ချွေးတွေနဲ့ မထားခဲ့ပါနဲ့

အထူးသဖြင့် ပြေးစက်ပေါ်ပြေးတဲ့အခါ၊ အပေါ်ပိုင်းဆော့တဲ့အခါမှာ စက်ပစ္စည်းတွေကို ချွေးတွေ ရွှဲရွှဲနဲ့ မထားခဲ့ပါနဲ့။ ချွေးတွေကို ပြန်သုတ်ခဲ့လိုက်ပါ။

၂။ သင်အသုံးမပြုတဲ့ပစ္စည်းတွေအပေါ် ထိုင်မနေပါနဲ့

သင်ကိုယ်တိုင်လည်း ကစားတာဟုတ်ဘဲ သူများမကစားနိုင်အေင် အဲဒီစက်ပစ္စည်းတွေအပေါ် ထိုင်နေတာမျိုး မလုပ်သင့်ပါဘူး။

၃။ ဖုန်းပြောခြင်းနဲ့ စကားကျယ်ကျယ်ပြောခြင်း

Gym မှာ တခြားကစားတဲ့ သူတွေလည်း အများကြီးရှိနေပြီး လူတိုင်း ကစားဖို့လာကြတာပါ။ သင့်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဂရုစိုက်သင့်ပါတယ်။

၄။ စက်ပစ္စည်းတွေကို မျှဝေသုံးပါ

စက်ပစ္စည်းတွေဟာ Gym လာကစားတဲ့ လူတွေအားလုံးအတွက်ပါ။ သင်တစ်ယောက်တည်း စက်ပစ္စည်းပေါ်မှာ နာရီဝက် ၁ နာရီလောက် အသုံးပြုနေတာမျိုး မလုပ်သင့်ပါဘူး။

၅။ အလေးတုံးတွေကို ထားချင်တဲ့နေရာမှာ ထားခဲ့ခြင်း

နောက်တစ်ချက်သတိထားသင့်တာက သင်အသုံးပြုပြီးသား အလေးတုံးတွေကို ထားချင်တဲ့နေရာမှာ ထားခဲ့တာမျိုး မလုပ်သင့်ပါဘူး။ အလေးတုံးတွေကို ချချင်တဲ့နေရာမှာ ချထားရင် တခြားသူတွေခလုတ်တိုက်လှဲတာမျိုးဖြစ်စေနိုင်တာမို့ သင့်အနေနဲ့ ဂရုစိုက်သင့်ပါတယ်။

၆။ Gym ကစားတဲ့ သူတွေကို ဖိအားပေးခြင်း

တခြား Gym ကစားနေတဲ့သူတွေရဲ့ ရှေ့မှာ လက်က နာရီတကြည့်ကြည့်နဲ့ စောင့်နေတာမျိုး မလုပ်သင့်ပါဘူး။

၇။ Gym Locker ဟာ သင့်အိမ်က ရေချိုးခန်းမဟုတ်တာ သတိရပါ

Gym မှာ ထားပေးထားတဲ့ Locker ဟာ သင့်တကိုယ်ရေစာ အသုံးပြုလို့ရတဲ့ နေချင်တိုင်းနေလို့ရတဲ့ အိမ်မဟုတ်ပါဘူး။ တခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူမျိုးကို ရှောင်သင့်ပါတယ်။

Source: BrightSide