ပေါင်ဒါကို ကလေးအတွက်သာမက တခြားနေရာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဘယ်လိုနေရာတွေလည်းဆိုတာတော့ ဆက်ပြီး ဖတ်ကြည့်လိုက်နော်။

ရှုးဖိနပ်တွေကို ပြန်ပြီး အနံ့ပျောက်အောင်လုပ်မယ်

ရှုးဖိနပ်တွေမှာ ရတဲ့အနံ့က တကယ်ကိုဆိုးပါတယ်နော်။ ဒီအတွက် ပေါင်ဒါကို နည်းနည်းလေး ဖြန်းထည့်ပေးပ။ တစ်ညလောက်ထားလိုက်ရင် အနံ့ဆိုးတွေ ပျောက်သွားမှာဖြစ်ပါတယ်။

သင့်ရဲ့ ချစ်လှစွာသော တိရိစ္ဆာန်လေးတွေအတွက်

ခွေး (သို့) ကြောင်တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ သူတို့ရဲ့ ကိုယ်သင်းနံ့ကိုမွှေးပျံ့စေပါတယ်။

သဲတွေကို ဖယ်ရှားမယ်

ကမ်းခြေတွေမှာ ဆော့ကစားလို့ တခါတလေ သဲပေးတာ သန့်စင်မရနဲ့ သိပ်စိတ်ညစ်ရတာပဲ။ အဲဒီအခါမှာ ပေါင်ဒါကို လိမ်းပေးလိုက်ပါ။

ယားယံခြင်း

ပေါင်ဒါကို ယားယံတာတွေ သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။

အိပ်မက်လှလှမက်စေမယ်

အိပ်နေတဲ့အခါမှာ ဦးခေါင်ကနေ အပူတွေထွက်ပါတယ်။ ချွေးကြောင့်ပဲဖြစ်ဖြစ် ပူနေရင် အိပ်လို့ကိုမရပါဘူး။ အိပ်ယာမဝင်ခင်မှာ အိပ်ယာနဲ့ အထူးသဖြင့် ခေါင်းအုံ့မှာ ပေါင်ဒါမှုန့် ဖြန်းပေးပါ။ ဒါဆိုရင် ညဖက် အိပ်ရေးဝလို့ အိပ်မက်လှလှမက်စေမှာပါ။