လေ့ကျင့်ခန်းလုပ်တာ Gym ကစားတာဟာ အခုလူငယ်တွေကြားမှာ Trend တစ်ခုလိုတောင် ဖြစ်လာနေပါပြီနော်။ 6 abs ဆိုတာလည်း ခေတ်စားနေတာမို့ ဝမ်းဗိုက်က အဆီတွေ ချချင်တဲ့သူတွေအတွက် လေ့ကျင့်ခန်းလုပ်နည်းကို မျှဝေချင်လို့ပါ။ သင့်ခန္ဓာကိုယ်ကအဆီတွေချဖို့ ငွေကြေး ကုန်ကျခံပြီး ခွဲစိတ်စရာမလိုပါဘူး။ ကုလားထိုင်တစ်လုံးနဲ့ တစ်နေ့ကို ၁၀ မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပေးရင် ဝမ်းဗိုက်ချပ်ချပ်လေးကို ရရှိပိုင်ဆိုင်စေမှာပါ။

၁။ အရင်ဆုံး ကုလားထိုင်နောက်မှာ ရပ်နေပြီး ထိုင်ခုံနောက်မှီကို လက်နဲ့ ကိုင်ထားပါ။ ပြီးရင် ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီး ခြေထောက်နှစ်ဖက်ကို ပူးထားပါ။ ပြီးရင် ခါးကို လက်နဲ့ တပြေးညီ ကိုင်းပေးလိုက်ပါ။ ဘယ်ဖက်လက်ကိုမပြီး အပေါ်မြောက်ပေးပါ။ ပြီးရင် ညာဖက်လက်ကို မြောက်ပါ။ ဘယ်ညာ ပေါင်း ၁ လို့ မှတ်ပါ။ အကြိမ် ၂၀ လုပ်ပါ။

၂။ ဒီတခါတော့ ကုလားထိုင်ပေါ် ခြေထောက်တင်ပြီး လူက ကြမ်းပြင်ပေါ်လှဲနေပါ။ လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်ထားပါ။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွပေးပြီး ညာဖက်က တဒေါင်နဲ့ ဘယ်ဖက်ဒူး ဘယ်ဖက် တဒေါင်နဲ့ ညာဖက်ဒူး ထိအောင်လုပ်ပါ။ အကြိမ် ၂၀ လုပ်ပေးရပါမယ်။

၃။ ထိုင်ခုံကို ကျောပေးပြီး လက်နှစ်ဖက်ထောက်ပါ။ ဒူးကို ကွေးပြီး ထိုင်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို မလိုက် ချလိုက် လုပ်ပေးပါ။ ဘယ်ညာ တစ်ဖက်ကို အကြိမ် ၂၀ ဖြစ်ပါတယ်။

၄။ ထိုင်ခုံပေါ် လက်တင်ထားလိုက်ပါ။ ပြီးရင် ခါးကို မတ်မတ်ထားပါ။ အဲဒီအတိုင်း စက္ကန့် ၃၀ နေပါ။ တစ်နေ့ကို ၁၀ စက္ကန့်ဆီ တိုးပြီးလုပ်သွားပေးပါ။

၅။ ခုံကို ကျောခိုင်းထားပြီး လက်နှစ်ဖက် ထောက်ထားပါ။ ပြီးရင် ဒူးကွေးပြီး ထိုင်ချပေးပါ။ အကြိမ် ၂၀ လုပ်ပေးရမှာဖြစ်ပါတယ်။