ကိုယ်အလေးချိန်လျော့ကျဖို့ဆိုတာဟာ လွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာကို လူတိုင်းသိနားလည်ကြပါတယ်။ ဒါပေမယ့်လည်း အချို့သော လေ့လာတွေ့ရှိချက်များအရ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အကျင့်လေးတွေကို ပြင်ဆင်ပြောင်းလဲလိုက်မယ်ဆိုရင် ကိုယ်ခန္ဓာကအဆီပိုတွေကို မပင်မပန်းပဲ့နဲ့ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

၁။ အသက်ပြင်းပြင်းရှူပါ

အသက်ကိုပြင်းပြင်းရှူပေးခြင်းက ကိုယ်အလေးချိန်တက်စေပြီး စိတ်ဖိစီးမှုတွေဖြစ်စေတဲ့ Cortisol ပမာဏကို နည်းပါးစေပြီး ပုံမှန်ထက် အသက်ကိုနည်းနည်းမြန်မြန်ရှူပေးမယ်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပစ်လို့ ဆဲလ်တွေအားပိုရစေဖို့ ဖြစ်စေပါတယ်။

၂။ မနက်စာအတွက် အသီးအရွက်များများစားပါ

တနေ့တာရဲ့ လိုအပ်တဲ့ အားအင်တွေကို မနက်စာကဖြည့်ဆည်းပေးလို့ ထိုမနက်စာအတွင်းမှာ ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းစားသုံးပေးခြင်းက သင့်ကိုပြည့်အင့်စေလို့ အခြားအစားအစာတွေစားမိပြီး ကယ်လိုရီတွေတက်မှာ မပူရတော့ဘူးပေါ့။

၃။ မတ်မတ်ထိုင်ပါ

အလုပ်လုပ်နေချိန်ဖြစ်စေ၊ ထမင်းစားချိန်ဖြစ်စေ၊ တီဗွီကြည့်နေချိန်မှာတောင်မှ မတ်မတ်ထိုင်ပေးခြင်းက ကိုယ်အလေးချိန်ကို မြန်မြန်နဲ့ထိရောက်စွာလျော့ချနိုင်မှာဖြစ်ပါတယ်။

၄။ အစပ်စားပါ

Capsaicin ပါဝင်တဲ့ အစားအစာတွေကို စားပေးခြင်းက ခန္ဓာကိုယ်တွင်းက အဆီတွေကို လောင်ကျွမ်းစေတဲ့ အရှိန်နှုန်းကို မြင့်တက်စေပါတယ်။ ဘာမှလုပ်စရာမလိုဘဲနှင့် အဆီလောင်ကျွမ်းစေနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါ။

၅။ လှေကားထစ်ကို အတက်အဆင်းလုပ်ပါ

ဓာတ်လှေကားအစား လှေကားထစ်များကို အသုံးပြုပါ။ တက္ကသိုလ်တစ်ခုရဲ့ ဖော်ပြချက်အရ တနေ့မှာ အလွှာ ၂ လွှာကို အတက်အဆင်းလုပ်ပေးမယ်ဆိုရင်ကို တနှစ်မှာ ခြောက်ပေါင်ကျစေနိုင်ပါတယ်။

၆။ အစာမစားခင် ရေနှစ်ခွက်သောက်ပါ

အရှိန်မထိမ်းနိုင်ဘဲ အများကြီးစားသောက်မိခြင်းမဖြစ်ရအောင် အစာမစားခင်မှာ ရေနှစ်ခွက်ကို ဝအောင်သောက်ပေးပါ။ ရေသောက်ပြီးဗိုက်တင်းနေသည့်အတွက် အစာအများကြီးလည်း မစားမိအောင် တားဆီးနိုင်မှာပါ။

၇။ လမ်းလျှောက်ပါ

ကိုယ်အလေးချိန်လျော့ကျဖို့အတွက် လမ်းလျှောက်ခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ တစ်နာရီကို ဖြည်းဖြည်းနဲ့မှန်မှန်လမ်းလျှောက်ပေးမယ်ဆိုရင်ကို ကယ်လိုရီပေါင်း ၂၅၅ ကျော်လောင်ကျွမ်းစေနိုင်မှာဖြစ်လို့ ဘတ်စ်ကားစီးစရာမလိုသည့်နေရာများကို လမ်းလျှောက်ပြီးသွားလာပါ။

၈။ ပန်းကန်အသေးနဲ့စားပါ

ပန်းကန်အသေးထဲမှာ အစားအသောက်နည်းနည်းပဲ ထည့်စားခြင်းက အစာအများကြီးစားခြင်းမှ ရပ်တန့်စေဖို့အတွက် ကိုယ့်ကိုကိုယ် လှည့်စားလိုက်တဲ့ နည်းလမ်းတစ်ခုပါပဲ။

၉။ ဖြည်းဖြည်းချင်းစားပါ

အစားအသောက်တွေကို ဖြည်းဖြည်းချင်းဝါးပေးတာက ဦးနှောက်ကိုအချိန်ပေးလိုက်သလိုဖြစ်လို့ အများကြီးစားမိခြင်းမှ တားဆီးပေးသည့်အတွက် ကယ်လိုရီတက်မှုကိုလည်း လျော့ချနိုင်မှာပါ။

၁၀။ ရေပူနဲ့ရေချိုးပါ

ရေချိုးတဲ့အခါမှာ ရေပူကိုအသုံးပြုခြင်းက မိနစ် သုံးဆယ်စာလမ်းလျှောက်ပေးခြင်းရဲ့ ကယ်လိုရီလောင်ကျွမ်းမှုပမာဏနဲ့ ညီမျှတဲ့အတွက် ရေပူပူလေးနဲ့ ရေချိုးပေးပါ။