လေ့ကျင့်ခန်းလုပ်တာဝါသနာပါတယ်ဆိုရင် ကြိုးခုန်လေ့ကျင့်ခန်းကို လုပ်ပေးပါနော်။ ကြိုး ၁၀ မိနစ် ခုန်တာဟာ မိနစ် ၃၀ စာပြေးတာထက် ပိုပြီး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။
ဘာလို့ကြိုးခုန်သင့်သလဲ
လေ့လာတွေ့ရှိချက်အရ ကြိုးခုန်တာဟာ မိနစ် ၃၀ စာပြေးတာထက် ပိုပြီးကယ်လိုရီလောင်ကျွမ်းစေသလို အဆီတွေကိုလည်း လောင်ကျွမ်းစေကာ ကြွက်သားတွေကို တည်ဆောက်ပေးပါတယ်။
ကြိုးခုန်လေ့ကျင့်ခန်းဟာ နေရောခပ်ကျယ်ကျယ်မလိုဘဲ နေရာတိုင်းမှာလုပ်လို့အဆင်ပြေပါတယ်။ ၁၀ မိနစ်လောက်ပဲလုပ်ပေးပါ။
ခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေကို ကျစေပြီး ကြွက်သားတွေ ကျစ်လျစ်စေလို့ သိပ်ကို ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။
ကြိုးခုန်မယ်ဆိုရင်
ကြိုးခုန်ဖို့အတွက် ကြိုးကို သေချာရွေးဝယ်ပါ။
သက်သောင့်သက်သာရှိတဲ့ ရှုးဖိနပ်စီးပေးပါ။
ခေါင်းကို မတ်မတ်ထားပြီး ရှေ့ကို တန်းတန်းကြည့်ပြီး ခုန်ပါ။
တဆောင်ဆစ်ကို ခန္တာကိုယ်နဲ့ နီးနီးကပ်ကပ်ထားပါ။
ကြိုးကို လက်ဖဝါးနဲ့ မလွှဲဘဲ ချောင်းလေးတွေနဲ့ လွှဲပေးပါ။ ကြိုးလှည့်ဖို့ လက်မောင်းကိုမသုံးဘဲ လက်ကောက်ဝတ်ကိုသုံးပါ။
ခြေဖဝါးကို မြေကြီးနဲ့ထောက်ပါ။ ခြေဖနှောက်ကို မြောက်ထားပါ။
ခပ်မြင့်မြင့်ခုန်စရာမလိုပါဘူး။ အနေတော်လေး ခုန်ပေးရင်ရပါပြီ။