ဆားဝက်ခြံက လူတိုင်းလိုလို အနည်းနဲ့အများဆိုသလို ဖြစ်တတ်ကြပါတယ်။ နှာခေါင်း ပါးမို့နားမှာ အဖြစ်များပြီး တခါတလေမှာ လည်ပင်းနဲ့ ပုခုံးတွေမှာပါ ဖြစ်တတ်တဲ့သူတွေရှိပါတယ်။ ဆားဝက်ခြံရှိတာဟာ အလှတရားကို မှေးမှိန်စေပါတယ်။ ဆားဝက်ခြံကင်းစင်ပြီး နူးညံ့ချောမွတ်တဲ့ အသားအရေကို ရရှိနိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုကို မျှဝေပေးချင်ပါတယ်။
ဆားဝက်ခြံဟာ ချွေးပေါက်တွေကိုပိတ်စေပြီး ဟော်မုန်းမညီမျှတာ အဆီပြန်တာ အမွှေးအမျှင်တွေမှာ အဆီပြန်တာနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာမစားတာကြောင့်ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ အဲဒီလိုဖြစ်တာကို အထိရောက်ဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းတကယ်ရှိပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
သံပုယိုသီး တစ်ခြမ်း
ပျားရည်အနည်းငယ်
ပြင်ဆင်ခြင်း
သံပုယိုသီးပေါ်မှာ ပျားရည်အနည်းငယ်လောင်းထည့်ပြီး မျက်နှာပေါ်မှာ ညင်သာစွာပွတ်လိမ်းပေးပါ။ ဆားဝက်ခြံဖြစ်နေတဲ့နေရာမှာ သေသေချာချာပွတ်လိမ်းပေးပါ။ ၅ မိနစ် ၇ မိနစ်လောက်ထားပြီရင် ရေဆေးချပါ။ ရေအေးနဲ့ပဲ ဆေးချရမှာဖြစ်ပါတယ်။ ပထမတစ်ကြိမ်မှာတင် ထူးခြားတဲ့ရလဒ်ကိုခံစားရမှာဖြစ်ပြီး အသားအရေ ချောမွတ်သန့်ရှင်းလာတာကို လက်တွေ့ခံစားရမှာပါ။ ဆားဝက်ခြံမပျောက်မချင်း အဲဒီလိုလုပ်ပေးလို့ရပါတယ်။
Photo Credit: healthtoday.com