ဝိတ်လျော့နေတဲ့သူတွေတော်တော်များများက အစားလေးလျော့စား၊ လေ့ကျင့်ခန်းလေးလုပ်ပြီး ခန္ဓာကိုယ်ထဲမှာကယ်လိုရီတွေမရှိနေရင်ရပြီလို့ သတ်မှတ်ထားကြပါတယ်။ တကယ်တော့ ဝိတ်လျော့တာနဲ့ပတ်သက်ပြီး လွဲမှားစွာမှတ်ယူထားမှုတွေလည်း အများကြီးရှိနေသေးတယ်ဆိုတာကိုတော့ မေ့ထားလို့မရသေးပါဘူးနော်။ ဝိတ်လျော့ချင်နေတဲ့ပျိုမေတို့အတွက်လည်း မှန်ကန်တဲ့နည်းလမ်းမျိုးတွေကို မှတ်ယူထားဖို့ဖော်ပြပေးလိုက်ပါတယ်။

အသီးအရွက်တွေစားရင် ဝိတ်လျော့ဖို့အတွက်အထောက်အကူဖြစ်တယ်လို့ ထင်မှတ်ထားတာတွေကလည်း မှန်ကန်လွန်းတဲ့အချက်တော့မဟုတ်ပါဘူး။ အသီးအရွက်တွေကိုစားတာက ဗီတာမင်ဓာတ်တွေကြွယ်ဝပြီး ကိုယ်အလေးချိန်လျော့နေတဲ့အချိန်မှာ အထောက်အပံ့ပေးနိုင်တယ်ဆိုပေမယ့်လည်း တစ်ချို့အသီးအရွက်တွေကတော့ ဝိတ်လျော့ဖို့အတွက်သိပ်တော့အဆင်မပြေလှပါဘူး။ အဆီတွေအရမ်းများတဲ့အသီးအနှံမျိုးဆိုရင်တော့ ဝိတ်လျော့နေတဲ့အချိန်တွင်းမှာ မစားတာအကောင်းဆုံးပါပဲ။

နို့ထွက်ပစ္စည်းတွေစားတာကလည်း ဝိတ်တက်စေတယ်ဆိုပေမယ့် အနည်းငယ်လောက်တော့ စားပေးဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်တွေကို ဒီနို့ထွက်ပစ္စည်းတွေကနေရနိုင်တာကြောင့် နွားနို့ကိုအဆီထုတ်ထားတဲ့ဟာမျိုးကို သောက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက်အာဟာရတွေကို ရရှိလာမှာပဲဖြစ်ပါတယ်။

ကယ်လိုရီဆိုတာမျိုးကို ဝိတ်လျော့နေတဲ့အချိန်မျိုးတွေမှာ မလိုအပ်ဘူးလို့ထင်နေပေမယ့် တကယ်တမ်းမှာတော့ ခန္ဓာကိုယ်အတွက် ကယ်လိုရီဓာတ်တွေ မရှိဘူးဆိုရင်တော့ မနက်ခင်းတိုင်းမှာ ကောင်းကောင်းမထနိုင်တဲ့ ပုံစံမျိုးတွေဖြစ်နေမှာပဲဖြစ်ပါတယ်။

သကြားဓာတ်တွေကို အရမ်းလျော့ချလိုက်တာမျိုးကလည်း ဝိတ်လျော့တဲ့သူတွေအတွက်လိုအပ်တဲ့အရာမျိုးတွေ မဟုတ်ပါဘူး။ ကော်ဖီသောက်မယ့်ထဲကို သကြားထည့်သောက်တာမျိုးလောက်နဲ့တော့ ဝိတ်တွေတက်လာဖို့မဖြစ်လာစေနိုင်ပါဘူး။

အဓိကပြောချင်တာကတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိသင့်တဲ့ အာဟာရဓာတ်တွေကို ရှိထားသင့်ပြီး ဒီလိုအာဟာရဓာတ်တွေ မရှိနေဘူးဆိုရင်တော့ ကျန်းမာရေးနဲ့သင့်တော်တဲ့ ဝိတ်ချမှုမျိုးဖြစ်လာမှာမဟုတ်တော့ပါဘူး။

Photo Source: Pexels