မျက်နှာမှာအရေးအကြောင်းဖြစ်ပေါ်တာဟာ အသက်အရွယ်အရနဲ့ဆိုင်သလို စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်တာ၊ နေရောင်ခြည်ထိတွေ့မှုများတာ၊ ကိုယ်အလေးချိန်ရုတ်တရက်ကျသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

9e1b71674760283724f2790474f8b32b_header889

ဒ့ါအပြင် ဗီတာမင် A, E နဲ့ C ပါဝင်မှုနည်းပါးတာကြောင့်လည်း ဖြစ်ပါတယ်။ ဈေးကွက်တွေမှာရရှိနိုင်တဲ့ အရေးအကြောင်းပျောက်တဲ့ခရင်မ်တွေမှာ ကြော်ငြာအားကောင်းသလို ထိရောက်မှုရှိတယ်ဆိုတဲ့ ကတိတွေအထပ်ထပ်ပေးထားပေမဲ့ အရမ်းဈေးကြီးပြီး ဓါတုပစ္စည်းတွေပါဝင်နေပါတယ်။ ဒီတော့ ရေရှည်အတွက် စိတ်မချရပြန်ပါဘူး။

ဒီတော့ သဘာဝနည်းလမ်းနဲ့ အဖြေရှာကြရအောင်ပါ။ အရေးကြောင်းတွေကိုဖယ်ရှားပေးပြီး အသားအရေဝင်းမွတ်လာစေမယ့် နည်းလမ်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

Lemon-juice1381490887_yeast

သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

တဆေး ၂၀ ဂရမ်ပါ။

ပြင်ဆင်ခြင်း

yeast

ပါဝင်ပစ္စည်းနှစ်ခုကို ခွက်တစ်လုံးထဲထည့်ပြီးရောလိုက်ပါ။ ပြီးရင်တခြားခွက်တစ်လုံးထဲထည့်ပြီးရေနွေးအနည်းငယ်ထည့်ပါ။
၂ မိနစ် ၃မိနစ်လောက်ထားပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် မျက်နှာကိုရေနွေးနဲ့သစ်ပြီး Moisture လိမ်းပေးပေးထားပါ။

တစ်ပတ်ကို ၁ ကြိမ် ၂ ကြိမ်လောက်သာလုပ်ပေးပါ။ အံ့သြစရာကောင်းတဲ့ရလဒ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။