မိတ်ကပ်လိမ်းရက်သားနဲ့ မအိပ်သင့်ဘူးဆိုတာ သိပေမယ့် တကယ်တမ်း မိတ်ကပ်လိမ်းပြီး အိပ်ရင် ဘာဖြစ်လဲဆိုတာ သိချင်မှသိပါလိမ့်မယ်။

မိတ်ကပ်လိမ်းရက်သားနဲ့ (သို့) မျက်နှာကို သေချာမသစ်ဘဲ အိပ်ယာဝင်မယ်ဆိုရင် ဘာဖြစ်တတ်လဲဆိုတာမျှဝေပေးပါမယ်။

၁။ ချွေးပေါက်ပိတ်စေတယ်။

မိတ်ကပ်မပြောင်ဘဲ အိပ်ယာဝင်မယ်ဆိုရင် ချွေးပေါက်ပိတ်စေပါတယ်။ ချွေးပေါက်ပိတ်စေတယ်ဆိုရင်တော့ အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။

၂။ ဝက်ခြံဖြစ်စေတယ်။

ချွေးပေါက်ပိတ်ပြီး နောက်ဆက်တွဲအနေနဲ့ နောက်နေ့မိုးလင်းရင် ဝက်ခြံတွေ ဖြစ်လာမှာပါ။ မျက်နှာပေါ်မှာ ဆဲလ်သေတွေ ဖြစ်စေပြီး ဝက်ခြံဖြစ်လာစေပါတယ်။

၃။ အသားအရေပေါ်က ဆဲလ်တွေကို ထိခိုက်စေတယ်။

အခုလို မိတ်ကပ်လိမ်းရက်သားနဲ့အိပ်ယာဝင်ရင် အရေပြားပေါ်က ဆဲလ်တွေ ထိခိုက်ပျက်ဆီးစေပါတယ်။ ပြီ။းရင် အသားအရေ အိမင်းရင့်ရော်လာစေပါတယ်။

၄။ အသားအရေ ခြောက်သွေ့လာမယ်။

မိတ်ကပ်လိမ်းလျက်သားနဲ့ ဖြစ်ဖြစ် မျက်နှာသေချာမသစ်ဘဲဖြစ်ဖြစ် အိပ်ယာဝင်မိရင် အသားအရေ ခြောက်သွေ့ ရောင်ရမ်းတာမျိုး ဖြစ်စေပါတယ်။

၅။ အသားအရေ အိုမင်းရင့်ရော်လာမယ်။

ကိုယ်က အသက်ငယ်သေးပေမယ့် အသားအရေ ပျော့တွဲတာ အိုမင်းရင့်ရော်တာမျိုး အဖြစ်မြန်စေပါတယ်။ မိတ်ကပ်နဲ့အိပ်မယ်ဆိုရင် အရေးကြောင်းတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၆။ မျက်လုံးရောင်ရမ်းတာမျိုး ဖြစ်စေမယ်။

Eye Shadow တွေ Liner တွေ ဆိုးပြီး အိပ်မယ်ဆိုရင် မျက်လုံးနီရဲတာ ရောင်ရမ်းတာမျိုးဖြစ်စေပါတယ်။ မျက်ကွင်းညိုတာ မျက်ကွင်းရောင်တာဖြစ်စေပါတယ်။

၇။ မျက်တောင်ကျွတ်စေမယ်။

မျက်တောင်ကော့ဆေးသုံးထားတာ၊ Mascara ဆိုးထားတာကြောင့် မျက်တောင်မွှေးတွေကို ကျွတ်စေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ကို သေချာဖျက်ပေးသင့်ပါတယ်။

၈။ နှုတ်ခမ်းသား ညိုမည်း ပျက်စီးလာမယ်။

နှုတ်ခမ်းနီ စိုးလျက်သားနဲ့ အိပ်ယာဝင်တာ မိတ်ကပ်လိမ်းရက်သားနဲ့ အိပ်ယာဝင်တာဟာ နှုတ်ခမ်းသားကို ညိုမည်းပျက်စီးစေပါတယ်။ နှုတ်ခမ်းသား ခြောက်သွေ့ အက်ကွဲတာမျိုးလည်းဖြစ်စေပါတယ်။

ဒီပြဿနာတွေအားလုံးကို ဖြေရှင်းကြမယ်။

အပြင်ကနေ ပြန်လာတာနဲ့ မိတ်ကပ်တွေကို Remover နဲ့ သေချာ သန့်စင်ပေးသင့်ပါတယ်။ မိတ်ကပ်အရည်၊ Cushion သုံးထားရင် ပိုးဆိုးပါတယ်။ မျက်လုံးမှာ Liner, Shadow စိုးထားရင်လည်း သေချာသန့်စင်ပေးပါ။ ပြီးရင်မျက်နှာကို ၂ ကြိမ်လောက်သစ်ပေးပါ။ ပြီးရင် တိုနာလေးလိမ်းပေးထားပြီးမှ အိပ်ယာဝင်ပါ။ နှုတ်ခမ်းသားအတွက် သံပုရာသီးနဲ့ နှုတ်ခမ်းကို ၁ ပတ် ၁ ခါလောက် ပွတ်ပြီး ချေးချွတ်ပေးသင့်ပါတယ်။