ဒီနေ့မှာတော့ အလှအပအတွက် အရေးပါလှတဲ့ အသားအရေလှပခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်နော်။ မျက်နှာလေးဖြူဝင်းလှပနေဖို့ပဲ ဂရုစိုက်နေလို့မရပါဘူးနော်။ မျက်နှာဖြူဝင်းနေပြီး လည်ပင်းမဲညစ်နေရင်တော့ သင့်ရဲ့အလှကိုပျက်စေတာပါပဲ။ ဒါကြောင့် နေလောင်ဒဏ်တွေကြောင့် မဲညစ်နေတဲ့ လည်ပင်းလေးလည်း ဖြူဝင်းနေစေဖို့အတွက် နည်းလမ်းတွေအများကြီးထဲမှ  ၂ နည်းကို ပြောပြပေးချင်ပါတယ်နော်……

ကဲ..မဲညစ်နေတဲ့လည်ပင်းတဝိုက်နေရာတွေကို သဘာဝနည်းလေးနဲ့ ပျောက်ကင်းလှပသွားစေဖို့အတွက် ဒီနည်းလေးတွေကို လုပ်ကြည့်လို့ရပါတယ်နော်

၁။ နေ့စဉ်အသားအရေထိန်းသိမ်းမှုလုပ်ပါ

နေ့စဉ်အသားအရေ ထိန်းသိမ်းမှု ပုံမှန်လုပ်ပါ။

နို့နဲ့ လည်ပင်းနားကို ပွတ်ပေးပါ။ ပြီးရင် သံလွင်ဆီ နဲ့ သကြားရောပြီး လည်ပင်းနားတစ်ဝိုက်ကို သေချာပွတ်ပေးပါ။ အဲဒီနောက် ရေဆေးချပေးလိုက်ပါ။ သံပုရာသီးကိုလည်း အရည်ညှစ်ပြီးထည့်ပေးနိုင်ပါတယ်။

ပြီးသွားရင်တော့ ခရင်မ်တမျိုးမျိုးလိမ်းပေးထားလိုက်ပါ။ မျက်နှာမှာလိမ်းတဲ့ Sunscreen ပါတဲ့ ခရင်မ်လိမ်းပေးဖို့မမေ့ပါနဲ့နော်။

၂။ အုတ်ဂျုံ

အုတ်ဂျုံ စားပွဲတင်ဇွန်း ၂ ဇွန်း ကိုခွက်တစ်လုံးထဲထည့်ပါ။ ခရမ်းချဉ်သီး တစ်လုံးကို အထဲကအနှစ်တွေထုတ်လိုက်ပါ။ အနှစ်ကိုပဲယူပါမယ်။ ပြီးရင် ခွက်တစ်လုံးထဲမှာ အတူတူထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ဂုတ်သားနားကို လိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပါ။ ပြီးရင်တော့ လက်ကို ရေနည်းနည်းစွတ်ပြီး လည်ပင်းကို ပွတ်ပေးပါ။ ဆဲလ်သေတွကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

ပြီးရင်တော့ နောက်ထပ် ၅ မိနစ်ကနေ ၇ မိနစ်ထိထားပြီး ရေဆေးချလိုက်ပါ။ ပြီးရင်တော့ ခရင်မ်လိမ်းပေးထားပါနော်။

ဒီနည်းလမ်းတွေကို ညနေ ရေချိုးခါနီးတိုင်း လုပ်ပေးနိုင်ပါတယ်။