ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေပျောက်ကင်းဖို့ အမည်းစက်တွေ ချွေးပေါက်တွေ ကျဉ်းစေဖို့ ဈေးကွက်မှာ ရနေတဲ့ မျက်နှာသစ်ခရင်မ်တွေက တကယ်ရော အကျိုးသက်ရောက်မှုရှိရဲ့လား။

အမှန်ကတော့ စိတ်ကျေနပ်မှုမရကြဘူးဆိုတာ သေချာပါတယ်။ အမည်းစက်တွေ ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေ အရေးကြောင်းတွေကို သဘာဝအတိုင်း ဖယ်ရှားလိုက်ရအောင်။

ပါဝင်ပစ္စည်း

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲမှာ မုန့်ဖုတ်ဆိုဒါရယ် သံလွင်ဆီရယ်ရောပြီး လိမ်းပေးရမှာပါ။ ပြီးရင် မျက်နှာသစ်ပြီး ခရင်မ်ကို ဝက်ခြံ အနာရွတ်တွေ ရှိတဲ့နေရာမှာ လိမ်းပါ။ ပြီးရင် ၂ မိနစ်လောက်ထားပါ။ အဲဒီနောက် ကျန်တဲ့ မျက်နှာကနေရာတွေမှာ သေသေချာချာ ပွတ်လိမ်းပေးပါ။

၅ မိနစ်လောက်ပွတ်လိမ်းပေးပြီးရင် ရေနွေးနဲ့ မျက်နှာသစ်ပါ။ နေ့စဉ်အသုံးပြုမယ်ဆိုရင်တော့ အမည်းစက်ကင်းစင်ပြီး ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်လာမှာပါ။