အလှပြင်ပစ္စည်းတွေကို ကုန်စုံဆိုင်တွေ အလှပြင်ဆိုင်တွေမှာ တကူးတကရှာစရာမလိုပါဘူး။ တကယ်တော့ ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ အလှအပ ပစ္စည်းတွေပါပဲ။
အမျိုးသမီးတိုင်း နူးညံ့ပြီး လှပစိုပြေတဲ့ အသားရေမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ပါရဲ့လား။
သိပ်သေချာတာပေါ့။ အသားအရေကိုနုပျို စိုပြေစေဖို့ ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက်ကို ဒီကနေ့မှာ မျှဝေပေးချင်ပါတယ်။
အရမ်းကိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းဖြစ်ပြီး တကယ်လည်းအကျိုးထူးတာမို့ စာဖတ်သူတို့အတွက်အဆင်ပြေမှာပါ။
ပါဝင်ပစ္စည်း
ဆန် စားပွဲတင်ဇွန်း ၃ ဇွန်း ကနေ ၄ ဇွန်းထိ
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ဆန်ကိုရေအေးနဲ့ သည်ပြီး ချက်ပါ။ ဆန်ကျက်ပြီဆိုရင် မီးဖိုပေါ်ကချပေးပြီး ထမင်းကိုဆစ်ချပါ။ ထမင်းရည်ကို ခွက်တစ်လုံးထဲမှာထည့်ပါ။
နွားနို့နဲ့ ပျားရည်ကို ခုဏကချက်ထားတဲ့ ထမင်းထဲထည့်ပြီး သေချာအောင်ရောမွှေပေးပါ။ အရည်က ပျစ်ပျစ်လေးဖြစ်လာပါလိမ့်မယ်။
အဲဒါကို မျက်နှာပေါ်လိမ်းပေးပြီး လက်နဲ့ သေချာဖိပေးပါ။ မျက်လုံးအောက်နားကိုလည်း သေချာလိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပါ။
ဆေးကြောခြင်း
ခုဏကခွက်တစ်လုံးထဲမှာထည့်ထားတဲ့ ထမင်းရည်ရှိပါတယ်။ တကယ်လို့ မျက်နှာပေါ်မှာလိမ်းထားတဲ့ ထမင်းတွေခြောက်သွားရင် ထမင်းရည်နဲ့ မျက်နှသစ်ပါ။ တကယ်လို့ မျက်နှာမှာ ချွဲချွဲလေးဖြစ်နေသေးရင် ရေနဲပ မျက်နှာထပ်သစ်ပါ။ ဆပ်ပြာကိုလုံး၀ မသုံးပါနဲ့။
ဒီနည်းလမ်းကို ၁ ပတ် ၂ကြိမ်လုပ်ပေးရုံနဲ့ ၄ ပတ် ၅ ပတ်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိလာမှာသေချာပါ။
Photo Credit: womensmovement.com