ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေထဲမှာ ရေဓာတ်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးသလို တစ်နေ့တာအတွက်လုံလောက်တဲ့ ရေဓာတ်ပမာဏကိုလည်းသောက်သုံးပေးဖို့လိုအပ်ပါတယ်။ ကျန်းမာရေးပညာရှင်တွေကတော့ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ ၇ ခွက်အနည်းဆုံးသောက်သုံးပေးဖို့လိုအပ်တယ်လို့ အကြံပြုထားကြပါတယ်။ အကယ်၍စာဖတ်သူအနေနဲ့ တစ်နေ့တာအတွက် လုံလောက်တဲ့ရေဓာတ်ပမာဏမသောက်သုံးမပေးဘူးဆိုရင်တော့ ခန္ဓာကိုယ်မှာအခုပြောပြမယ့် လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၁) အာရုံစူးစိုက်မှုလျော့ကျလာမယ်

Source : cureviet.com

ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ရေဓာတ်ပမာဏ မရဘူးဆိုရင် ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုထိခိုက်စေပြီး အာရုံစူးစိုက်မှုလျော့ကျလာပါလိမ့်မယ်။ မကြာမဏမေ့လျော့ခြင်း အစဖော်လို့မရအောင်စဉ်းစားမရခြင်း တစ်စုံတစ်ခုအပေါ်ကောင်းစွာအာရုံစူးစိုက်လို့မရနိုင်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်လာပြီဆိုရင် တော့ကိုယ်ရဲ့တစ်နေ့တာရေသောက်နှုန်းကိုပြန်လည်စမ်းစစ်ဖို့ လိုနေပြီပဲဖြစ်ပါတယ်။

(၂) အသားအရေခမ်းခြောက်လာမယ်

Source : Mono Cruising

ခန္ဓာကိုယ်မှာအကြီးမားဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းက အရေပြားဖြစ်သလို အရေပြားကျန်းမာရေးအတွက် လုံလောက်တဲ့ ရေဓာတ်ပမာဏ ရှိနေဖို့ကလည်းအရေးကြီးပါတယ်။ခန္ဓာကိုယ်မှာရေဓာတ်လုံလောက်စွာမရတဲ့အခါ အသားအရေခမ်းခြောက်ခြင်း အသားအရေညစ်ခြင်း စတဲ့ပြဿနာတွေ ဖြစ်လာနိုင်သလို အခုလိုဆောင်းရာသီမှာအဖြစ်များတဲ့ နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်း လက္ခဏာတွေလည်းဖြစ်လာနိုင်ပါတယ်။

(၃) ကြွက်သားနဲ့အရိုးအဆစ်များနာကျင်ကိုက်ခဲလာမယ်

Source : Verywell Health

ကြွက်သားနဲ့အရိုးအဆစ်များ စတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် ရေဓာတ်ဟာအင်မတန်အရေးပါတဲ့ အရာတစ်ခုဖြစ်သလို ၎င်းတို့ရဲ့ဖွဲ့စည်းမှုမှာ ရေဓာတ်ဟာ ၈၀ ရာခိုင်နှုန်း လောက်ကိုပါဝင်နေပါတယ်။ဒါ့ကြောင့်ခန္ဓာကိုယ်မှာရေဓာတ် အလုံအလောက်မရတဲ့အခါ ကြွက်သားနာကျင်ကိုက်ခဲခြင်း အရိုးအဆစ်များ နာကျင်ခြင်း အထိအခိုက်မခံခြင်းစတဲ့ ပြဿနာများဖြစ်လာနိုင်ပါတယ်။

(၄) မောပန်းနွမ်းနယ်လာမယ်

Source : Healthline

အချိန်တိုင်းနီးပါးမောပန်းနွမ်းနယ်မှုတွေကိုခံစားနေရတဲ့ အဓိကတရားခံကလည်း ရေဓာတ်အလုံအလောက်မရခြင်းကြောင့် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်အလုံအလောက်မရတဲ့အခါ သွေးလည်ပတ်မှုကိုလျော့ကျစေသလို ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ထောက်ပံ့မှုအလုံလောက်မရတဲ့အခါ မောပန်းနွမ်းနယ်ခြင်း ပင်ပန်းခြင်းများ စတင်ခံစားလာရတာဖြစ်ပါတယ်။

(၅) ခေါင်းကိုက်ဝေဒနာခံစားရမယ်

Source : Showbiz Cheat Sheet

ခေါင်းတစ်ခြမ်းကိုက်ခြင်း ခေါင်းမကြည်ခြင်း စတဲ့ဝေဒနာတွေဟာလည်း ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်း ရေဓာတ်အလုံအလောက်မရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

Reference Source : https://goactive.hu/10-warning-signs-that-your-body-is-lacking-water/?lang=en&fbclid=IwAR27QpS_jvyTYHGPCYHQR0sjCH2eDt6KNvWftRb0woPMnX49pnN6KhGpQa8