နေလောင်ခြင်းကြောင့် အသားအရည်တွေ နီရဲတာ၊ နာကျင်တာ၊ ဓာတ်မတည့်လိုဖြစ်လာတာ၊ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါနေလောင်ထားရင် နေလောင်တဲ့ ဒဏ်ရာတွေ ပျောက်ဖို့ ၃ ရက်ကနေ ၇ ရက်ကြား ကြာမြင့်တတ်ပါတယ်။

ရှားစောင်းလက်ပတ်

သာမန် နေလောင်တဲ့ ဒဏ်တွေအတွက် အကောင်းဆုံးကတော့ ရှားစောင်းလက်ပတ်ဖြစ်ပါတယ်။ သူက နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့ အသားအရည် ပျက်စီးမှုတွေ၊ အနီရောင် အကွက်တွေ ကို သက်သာ ပျောက်ကင်းစေပါတယ်။ ဓာတုဗေဒ ပစ္စည်း မသုံးထားတဲ့ ရှားစောင်းလက်ပတ် အနှစ်တွေ၊ ဒါမှမဟုတ်လည်း ရှားစောင်းလက်ပတ်အပင်ကနေ ထုတ်လုပ်ထားတဲ့ ရှားစောင်းလက်ပတ် အနှစ်တွေကို နေလောင်ထားတဲ့နေရာတွေမှာ လိမ်းပေးပါ။ လိုအပ်သလောက် ထပ်ခါထပ်ခါ လိမ်းပေးပါ။

အုန်းဆီ

ဟင်းချက်ရာမှာ သုံးတဲ့ အုန်းသီးကထုတ်လုပ်ထားတဲ့ဆီက နေလာင်ထားတဲ့ဒဏ်ရာတွေအတွက် သင့်လျော်ပါတယ်။ လောင်ထားတဲ့နေရာကို အုန်းဆီနဲ့ လိမ်းပေးပါ။

နွားနို့

လူတွေတော်တော်များများက နွားနို့ရဲ့ အအေးဓာတ်ကို သတိမထားမိကြပါဘူး။ အကယ်၍ ရှားစောင်းလက်ပတ်က အိမ်မှာ အသင့်မရှိနေရင် အဝတ်စတစ်ခုကို နွားနို့ထဲနှစ်ပြီး နေလောင်ဒဏ်ရာမှာ အုပ်ပေးပါ။

ရေနွေးနွေးနဲ့ ရေချိုးပါ

ရေနွေးနွေးလေးနဲ့ ရေချိုးခြင်း ဒါမှမဟုတ်ရင် မျက်နှာသုတ်ပါဝါ အေးအေးလေးကို နေလောင်ထားတဲ့ ဒဏ်ရာပေါ်မှာ ကပ်ပေးပါ။

နေလောင်ဒဏ်ရာကို လေကောင်းလေသန့်ရအောင်ထားပါ

နေလောင်ဒဏ်ရာကို ပတ်တီးနဲ့ ပတ်ထားတာထက် ဒီအတိုင်း လေကောင်းလေသန့်ရအောင် ထားရင် အနာပိုပျောက်လွယ်ပါတယ်။ ပတ်တီးနဲ့ ပတ်ထားရင် အနာက ပိုပြဲပြီး ပိုဆိုးလာတတ်ပါတယ်။ လရဲ့ အလင်းရောင်က နေလောင်ဒဏ်ရာကို ပိုမြန်မြန် ပျောက်စေနိုင်တယ်လို့လည်း ဆိုထားပါတယ်။

နေကြာစေ့စားပါ။

ဗီတာမင် E ပါတဲ့ အစားအစာတွေဖြစ်တဲ့ နေကြာစေ့ကို ပိုများများစားရင် ခန္ဓာကိုယ်က ဗီတာမင် E ဓာတ်တွေ ရရှိလာပြီး နေလောင်ဒဏ်ရာကို ပိုမြန်မြန် ပျောက်စေပါတယ်။