သွားတိုက်ဆေးဆိုတာ သွားတွေကို ဖြူဝင်းစေဖို့ တစ်ခုတည်းအတွက်ပဲမဟုတ်ဘူးနော်။ သင့်အသားအရေဆိုင်ရာ ပြဿနာတွေကိုလည်း အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။

ကဲ…သွားတိုက်ဆေးကို မျက်နှာအလှအပအတွက် အသုံးပြုလိုက်ရအောင်။

အသားအရေဖြူဝင်းစေဖို့

သွားတိုက်ဆေး စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုယိုရည် အနည်းငယ်

စတဲ့ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေအေးအေးနဲ့ မျက်နှာသစ်ချပေးပါ။

ဝက်ခြံလေးတွေပျောက်ကင်းစေဖို့

ဝက်ခြံစထွက်လာပြီဆိုတာနဲ့ သွားမညှစ်လိုက်ပါနဲ့နော်။ သွားတိုက်ဆေးကို ဥုံပြီး တစ်ညလုံးထားပါ။ မနက်မိုးလင်းလို့ ရေဆေးချလိုက်ရင် ဝက်ခြံလေးတွေ ပျောက်သွားပါလိမ့်မယ်။

အညစ်အကြေးတွေ သန့်စင်စေဖို့

မျက်နှာပေါ်က အညစ်အကြေးတွေသန့်စင်စေဖို့

သွားတိုက်ဆေးနည်းနည်းနဲ့ နွားနို့နည်းနည်းကိုရောပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာသစ်ချလိုက်ပါ။

အရေးကြောင်းတွေအတွက်

အရေးကြောင်းဖြစ်နေတဲ့နေရာမှာ သွားတိုက်ဆေးလိမ်းပေးပြီး တစ်ညလုံးထားကာအိပ်ပါ။ မနက်မိုးလင်းရင် မျက်နှာသစ်ချလိုက်ပါ။

ဆားဝက်ခြံတွေအတွက်

ဆားဝက်ခြံဟာ လူတိုင်းလိုလိုရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါပဲ။ အရင်ဆုံး အဝတ်စအသန့်ကို ရေနွေးနွေးနဲ့ စိမ်ပြီး အရည်ညှစ်ကာ ဆားဝက်ခြံရှိတဲ့နေရာကို ၂ မိနစ်လောက် အုပ်ပေးထားပါ။ ပြီးရင် သွားတိုက်ဆေးကို ဆားဝက်ခြံပေါ်မှာ လိမ်းပေးပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။

အဆီပြန်တဲ့အသားအရေအတွက်

အဆီပြန်တဲ့ အသားအရေအတွက် သွားတိုက်ဆေးကို သုံးလို့ရပါတယ်။ သွားတိုက်ဆေးရယ် ရေနည်းနည်းရယ် ဆားရယ်ရောပေးပြီး မနက်စောစောမှာ မျက်နှာသစ်ပေးပါ။