ဒီနေ့မှာတော့ တင်းတိပ် ဝက်ခြံတွေနဲ့ အစက်အပျောက်တွေကို ပျောက်ကင်းစေမယ့်အပြင် အရေပြားကို စိုပြေစေမယ့် နည်းလမ်းကို မျှဝေပေးသွားမှာပါ။

parsley-for-flawless-skin-1076x615

တရုတ်နံနံပင်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် မဂ္ဂနီ နဲ့ ပိုတက်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ ဆီးနဲ့ဆိုင်တဲ့ရောဂါတွေ၊ ဖျားနာတာ၊ ကျောက်ကပ်နဲ့ဆိုင်တဲ့ရောဂါတွေ၊ ဆီးချိုနဲ့ မျက်လုံးရောင်ရမ်းတာတွေအတွက် အထူးကောင်းမွန်ပါတယ်။

ပါဝင်ပစ္စည်း

images-3

တောက်တောက်စင်းထားတဲ့ တရုတ်နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

200253691-001_XS

သံပိုယိုသီးအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ပန်းသီးရှလကာရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း

135847132

ရေ ၂၀၀ မီလီလီတာ

ပြင်ဆင်ခြင်း

ရေကိုဆူအောင်သည်ပြီး တရုတ်နံနံပင်ကို ထည့်ကာ ၁၅ မိနစ်လောက် တည်ထားပါ။ ပြီးရင် အအေးခံထားပါ။ မကြာခင်မှာ အဲဒီအရည်က အေးလာပါလိမ့်မယ်။ အဲဒီအခါကျရင် သံပုယိုသီးအရည် (သို့) ပန်းသီးရှာလကာရည် ထည့်ပါ။ နောက်ဆုံး ခွက်တစ်လုံးထဲထည့်ထားပြီး ရေခဲသေတ္တာမှာထားပါ။

အသုံးပြုခြင်း

အဲဒီအရည်ကို မနက်တစ်ကြိမ် နဲ့ ညနေတစ်ကြိမ် လိမ်းပေးသင့်ပါတယ်။

မျက်နှာမှာတင်မက ခန္ဓာကိုယ်အနှံ့လိမ်းပေးလို့ရပါတယ်။ အဲဒီလိုပုံမှန်လိမ်းပေးရင် အသားအရေဖြူဖွေးလာမယ့်အပြင် အမည်းစက်ကင်းစင်ပြီး ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်လာမှာပါ။

တစ်လတည်းနဲ့ အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။