အလှပြင်ဆိုင်သွားပြီး မျက်နှာသန့်ရှင်းရေးလုပ်၊ ချွေးပေါက်သန့်ရှင်းရေးလုပ်တာတွေ ခဏခဏ သွားလုပ်စရာမလိုပါဘူး။ ဆားဝက်ခြံတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါမယ်။

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဂျဲလ်လတင်းမှုန့် (Gelatin Powder) စားပွဲတင်ဇွန်း ၂ ဇွန်း

နာနတ်သီးရည် ခွက် ၁/၄ ပုံ

ပြင်ဆင်ခြင်း

ခွက်တစ်လုံးထဲကို ပျားရည်နဲ့ နာနတ်သီးအရည်ထည့်ပါ။ ပြီးရင် ဒယ်အိုးအသေးထဲထည့်ပြီး အပူနည်းနည်းပေးပါ။ အဲဒီနောက် ပူလာရင် မီးကိုပိတ်လိုက်ပြီး ဂျဲလ်လတင်းမှုန့် (Gelatin Powder) ကိုထည့်လိုက်ပါ။ အဲဒီ ဂျဲလ်လတင်းမှုန့် (Gelatin Powder) အရည်ပျော်သွားတဲ့ထိ မွှေပေးနေပါ။

ပြုလုပ်နည်း

အမာရွတ်တွေနဲ့ဆားဝက်ခြံတွေကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်စေမယ့် သဘာဝပေါင်းတင်နည်း

အရည်ပျော်သွားရင် မျက်နှာပေါ်လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ မျက်နှာပေါ်မှာလိမ်းထားတာက တဖြည်းဖြည်း တင်းလာမှာဖြစ်ပါတယ်။ ပြီးရင် အလွှာကို ခွာချလိုက်ပြီး ရေအေးအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။

အမာရွတ်တွေ ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေနဲ့ ဆားဝက်ခြံတွေ သက်သာပျောက်ကင်းပြီး အသားအရေ ကြည်လင်လှပလာစေမှာပါနော်…