ခရမ်းချဉ်သီးဟာ အသားအရေလှစေတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါနော်။ အသားအရေကို ကြည်လင်စေပြီး အမည်းစက်တွေ နေလောင်ကွက်တွေကို ဖယ်ရှားပေးပါတယ်။ ဗီတာမင် C ပါဝင်လို့ အသားအရေကို ဖြူဝင်းစေသလို ဝက်ခြံကိုလည်း သက်သာစေပါတယ်။

နည်းလမ်း (၁)

ခရမ်းချဉ်သီးကို ပြဲအောင်လုပ်လိုက်ပါ။ အစေ့ကို ထုတ်လိုက်ပါ။ ပြီးရင် ကွေကာအုတ်အကြမ်းမှုန့်ကိုထည့်ပြီး ရောလိုက်ပါ။ အဲဒီနောက် ဖျော်စက်ထဲထည့်ပြီး သေချာလေး ကျိတ်ပေးလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ သေချာလေး ပွတ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားကာ ရေဆေးချလိုက်ပါ။

နေလောင်ထားတယ်ဆိုရင် သံပုရာသီးကို အရည်ညှစ်ပြီးထည့်နိုင်ပါတယ်။

နည်းလမ်း (၂)

ချွေးပေါက်ပွင့်ပြီး ချွေးပေါက်ထဲထိ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ဖို့ ခရမ်းချဉ်သီးအရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုရာရည်စားပွဲတင်ဇွန်း ၂ ဇွန်းကိုရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ခဏလောက် နှိပ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

နည်းလမ်း (၃)

ခရမ်းချဉ်သီးနဲ့ သကြားကိုရောပြီး မျက်နှာပေါ်မှာပွတ်ပေးရင် အသားအရေ ယားယံတာအပါအဝင် အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးပေါ်မှာ သကြားကိုတင်ပေးလိုက်ပြီး မျက်နှာပေါ်မှာ ပွတ်ပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။