ပူပြင်းခြောက်သွေ့တဲ့နွေရာသီအတွက် စာဖတ်သူတို့ အသားအရေကို ဘယ်လိုထိန်းသိမ်းမယ် စိတ်ကူးထားပါသလဲ။

ဆောင်းအေးအေးကို ဖြတ်သန်းပြီး နွေရာသီအကူးအပြောင်းမှာ နေပူပူဒဏ်ကို ကာကွယ်ဖို့လိုပါတယ်။

ရေဓါတ်ထိန်းသိမ်းပါ

နွေရာသီမှာ အပူဒဏ်ကို ခံနိုင်ဖို့ ရေများများသောက်ဖို့လိုပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပေးပါ။

နေလောင်ဒဏ်ခံနိုင်တဲ့ Suncreen လိမ်းပါ

နွေရာသီမှာ နေလောင်ဒဏ်ကာကွယ်ပေးနိုင်တဲ့ SPF အနည်းဆုံး ၁၅ နဲ့ ၁၅ နဲ့ ပိုတဲ့ Suncreen ကို လိမ်းပေးပါ။

ဆဲလ်သေတွေကို ဖယ်ရှားပါ

နွေရာသီဆိုတော့ ပူပြင်းလို့ ချွေးတွေထွက် အဆီတွေပြန် ဖုန်တွေထူ ဒါ့ကြောင့် မျက်နှာပေါ်မှာ ဆဲလ်သေတွေပိုပိုပြီး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သံလွင်ဆီနဲ့ သကြားအညိုကိုရောပြီး မျက်နှာကို Scrub လုပ်ပေးပါ။

နူးညံံ့တဲ့ ဆပ်ပြာကို ရွေးပါ

အသားအရေကလည်း အပူချိန်ပြောင်းလဲလာတာကို ခံစားသိရှိလာပါတယ်။ ရှားစောင်းလက်ပက် နဲ့ ဗီတာမင် E ကြွယ်ဝတဲ့ ဆပ်ပြာကို ရွေးချယ်ပါ။

အသားအရေစိုပြေစေတဲ့ Moisturizer လိမ်းပါ

ရေချိုးပြီး မျက်နှာသစ်ပြီးတဲ့အချိန်မှာ ချွေးပေါက်လေးတွေ ပွင့်လာပါတယ်။ ဒါ့ကြောင့် Moisturizer လိမ်းပေးဖို့ အရေးကြီးပါတယ်။

အသားအရေထိန်းသိမ်းပါ

အသားအရေ စိုပြေနေစေဖို့ ရေချိုးကန်ထဲမှာ မုန့်ဖုတ်ဆိုဒါနည်းနည်းရယ် နွားနို့အပူ ၂ ခွက် ၊ အသီးအနှံကရတဲ့ ဆီတစ်မျိုးမျိုးကို နည်းနည်းရောပေးပါ။ ပြီးရင် မိနစ် ၃၀ လောက်စိမ်ပေးပါ။ အဲဒီနောက် တဘက်နဲ့ သေချာသုတ်ပါ။

နေရောင်ချည်ခံပါ

နေရောင်ချည်နုနုလေးက အသားအရေအတွက် အကောင်းဆုံးပါပဲ။ မနက်ခင်းစောစောထပြီး နေချည်နုနုကိုခံစားလိုက်ပါ။ နေချည်နုနုမှာပါတဲ့ ဗီတာမင် D ကအသားအရေအတွက် အထူးကောင်းမွန်ပါတယ်။

ရေကို ခဏပဲချိုးပါ

ရေကို ၁၀ မိနစ်ထက် ပိုချိုးဖို့မလိုပါဘူး ရေချိုးတဲ့အခါမှာ ရေနွေးနဲ့ မချိုးပါနဲ့။

နုတ်ခမ်းသားကို ဂရုစိုက်ပါ

ရာသီဥတုအပြောင်းအလဲကြောင့် နုတ်ခမ်းသားခြောက်သွေ့တတ်ပါတယ်။ နူတ်ခမ်းသားအတွက် နှုတ်ခမ်းဆီ တစ်မျိုးမျိုးလိမ်းပေးပါ။