ကျွန်မတို့ နေ့စဉ်သွားလာလှုပ်ရှားမှုနဲ့အတူ ထိတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတွေကြောင့် သင့်အသားအရေကို ထိခိုက်ပျက်စီး စေပါတယ်။ နေပူထဲမသွားဘဲ နေရိပ်ထဲမှာပဲနေရင်တောင် အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ပတ်ဝန်းကျင်ကြောင့်တင်မကပါဘူး။ အာဟာရဓာတ်ညီညွှတ်မျှတအောင်မစားတာ၊ စိတ်ဖိစီးမှုများတာအပါအဝင် တခြား သင်လုပ်မိတဲ့ အကျင့်ဆိုးလေးတွေကြောင့် အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၁။ အသီးအနှံသုံးမယ်

ခရမ်းချဉ်သီး၊ သင်္ဘောသီး စသဖြင့် အသားအရေ လှပစေတဲ့ အသီးအနှံတွေကို စားပေးလို့ရသလို အဲဒီအသီးတွေကို သေချာကြိတ်ပြီး မျက်နှာပေါ်မှာ လိမ်းပေးလို့လည်းရပါတယ်။ မျက်နှာပေါ်မှာလိမ်းပေးပြီး ၂ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၂။ မျက်နှာကိုချေးချွတ်ပါ

၁၀ ရက် (သို့) ၁၅ ရက်တစ်ကြိမ်လောက် အသားအရေကို ချေးချွတ်ပေးသင့်ပါတယ်။ သကြားနဲ့ သံပုယိုရည်နည်းနည်းရောပြီး မျက်နှာကို ၃ မိနစ်လောက် သေချာပွတ်ပြီးလိမ်းပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

၃။ မျက်နှာအသားအရေနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းလုပ်ပါ

မျက်နှာအသားအရေ စိုပြေစေဖို့အတွက် မျက်နှာအသားအရေနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းကိုလုပ်ပေးသင့်ပါတယ်။ လက်ကိုသေချာသန့်အောင်ဆေး ၊ မျက်နှာကို သေချာသစ်ပြီး ၅ မိနစ်လောက် နှိမ့်နယ်ပေးတာ။ မျက်နှာကို ဖောင်းလိုက် ပိန်လိုက် လေ့ကျင့်ခန်းလုပ်ပေးတာမျိုးလုပ်နိုင်ပါတယ်။

၄။ စိတ်ဖိစီးမှုကိုလျှော့ချပါ။

စိတ်ဖိစီးမှုကိုလျှော့ချပေးသင့်ပါတယ်။ စိတ်ဖိစီးမှုဟာ သင့်အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကိုလျှော့ချပါ။

၅။ တစ်နေ့ ၁၀ မိနစ်လောက် နေရောင်ထိတွေ့ပါ

နေပူပြင်းပြင်းကြီးကိုမဟုတ်ပါဘူးနော်။ မနက်စောစော နေခြည်နုနုမှာ ၁၀ မိနစ်လောက် နေရောင်ခြည်နဲ့ ထိတွေ့တာဟာ သင့်မျက်နှာအသားအရေ အတွက် ကောင်းမွန်ပါတယ်။ နေရောင်ခြည်မှာ ဗီတာမင် D ပါဝင်လို့ သင့်အသားအရေအတွက်ကောင်းမွန်ပါတယ်။

၆။ သင့်အသားအရေနဲ့ သင့်တော်တဲ့ Moisturizer သုံးပါ

အဆီပြန်တဲ့အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေ၊ ပေါင်းစပ်အသားအရေ ဆိုပြီး အသားအရေ အမျိုးမျိုးရှိပါတယ်။ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ ခရင်မ်ကို သုံးပါ။

၇။ ခန္ဓာကိုယ်အတွင်းပိုင်းကိုလည်း အာဟာရဖြည့်စွက်ပါ

အပြင်ပိုင်းအသားအရေကို ဂရုစိုက်ရုံသာမက ခန္ဓာကိုယ်အတွင်းပိုင်းကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ဒါ့ကြောင့် အာဟာရဓာတ်သင့်တင့်မျှတအောင်စားသုံးပေးသင့်ပါတယ်။

၈။ ရေများများသောက်ပါ

မနက်အိပ်ယာနိုးနိုးချင်း ရေသောက်ဖို့ လုံးဝမမေ့ပါနဲ့။ ကျန်းမာရေးအတွက်ရော၊ အသားအရေအတွက်ပါကောင်းမွန်ပါတယ်။ တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်သောက်ပေးပါ။