အပြင်ထွက်ပြီဆိုရင် မျက်နှာအဆီ ပြန်လို့ လိမ်းထားတဲ့ မိတ်ကပ်တွေ သနပ်ခါးတွေ ပျက်ကုန်ပြီလား။ မျက်နှာသစ်ပြီးလည်း ခဏနေဆို အဆီပြန်လာပြီလား။ဒါဆိုရင်တော့ MyHealth Myanmar က စာဖတ်သူတွေအတွက် မျက်နှာအဆီပြန်တာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မျှဝေချင်ပါတယ်။

ဆောင်ရန်

၁။ တစ်နေ့ကို မျက်နှာ ၂ ခါသစ်ပါ။ PH ပါဝင်မှု ညီမျှတဲ့မျက်နှာသစ်ဆေးကိုသုံးပါ။

၂။ Alcohol မပါဝင်တဲ့ တိုနာသုံးပါ။

၃။ Moisturize (အသားအရေဆိုပြေစေတဲ့) ခရင်မ်လိမ်းပါ။ အဆီမပါတဲ့ Moisturizer ကိုလိမ်းရမှာဖြစ်ပါတယ်။

၄။ အဆီစုပ်တဲ့ စက္ကူဆောင်ပါ။ အဆီစုပ်စက္ကူကို တစ်နေရာတည်းမှာ ၁၅ စက္ကန့် စက္ကန့် ၂၀ ထိ ဖိပြီး အသံးပြုပေးရမှာပါ။ မျက်နှာကို ပွတ်မလိမ်းပါနဲ့။

၅။ မျက်နှာပေါင်းတင်ပါ။

ထောပတ်၊ ဒိန်ချဉ်၊ ရှားစောင်းလက်ပက်၊ သခွားသီးစတဲ့သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်လို့ရသလို အသင့်လုပ်ပြီးသား မျက်နှာပေါင်းတင်တဲ့ စက္ကူကပ်ပြီး ပေါင်းတင်လို့လည်းရပါတယ်။ တစ်ပတ်ကို ၁ ခါပဲလုပ်ပါ။

၆။ အဆီမပါတဲ့ ပေါင်ဒါတွေသုံးပါ။ 2 way အစား ပေါင်ဒါသုံးပါ။ Eyeshadow ကိုလည်း ခရင်မ်အစား ပေါင်ဒါသုံးပါ။

ရှောင်ရန်

ကြမ်းတမ်းတဲ့ မျက်နှာသစ်စပ်ပြာကို မသုံးပါနဲ့။

မျက်နှာ ခဏခဏမသစ်ပါနဲ့။  တစ်နေ့ ၂ ကြိမ်ထက် ပိုမသစ်ပါနဲ့။

အလှပြင်ပစ္စည်းတွေ အများကြီးမသုံးပါနဲ့။ မိတ်ကပ်အထူကြီးမလိမ်းပါနဲ့။

ကိုယ်သုံးနေတဲ့ မျက်နှာသုတ်ပဝါတွေ တဘက်တွေကိုပြောင်းသုံးပါ။