မင်္ဂလာပါနော်။ ကျန်းမာ စိုပြေတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ထားမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရပါ ပိုပြီး ယုံကြည်မှု ရှိလာစေပါတယ်။ သဘာဝပေါင်းတင်နည်းတွေမပြောခင်မှာ ကျန်းမာစိုပြေတဲ့ အသားအရေအတွက် လိုက်နာရမယ့်နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
- ရေများများသောက်ပေးပါ။ ရေများများသောက်ပေးတာဟာ ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးနိုင်မှာပါ။
- မျက်နှာကို သေချာသန့်ရှင်းရေးလုပ်ပါ။ မိတ်ကပ်ကို သေချာဖျက်ပါ။ သေချာသန့်ရှင်းပါ။
- သင့်ထမင်းစားမယ့် ပန်းကန်ကို သေချာရွေးပါ။ အစားအစာကို ဂရုစိုက်ပါ။
- အလွန်အကျွံစားသုံးခြင်း ရှောင်ကျဉ်ပါ။ အရက်သောက်ခြင်း ဆေးလိပ်သောက်ခြင်းကို အထူးရှေင်ကျဉ်ပါ။
- သကြားရှောင်ရပါမယ်။
- နေ့စဉ် လေ့ကျင့်ခန်း နာရီဝက် ၄၅ မိနစ်လောက်လုပ်ပေးပါ။
- သင်သောက်နေတဲ့ ကော်ဖီ လက်ဖက်ရည်အစား အသီးအနှံတွေ စားသုံးပါ။
- စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။ ပျော်ပျော်နေပါ။
- ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေနေရာမှာ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေစားပေးပါ။
- တစ်နေ့ကို ၈ နာရီ အိပ်ပါ။
- မျက်နှာကိုလည်း လေ့ကျင့်ခန်းလုပ်ပါ။ (နုတ်ခမ်းစူတာ၊သွားအကုန်ပေါ်အောင်ပြုံးတာ၊ မျက်နှာကျုံ့တာစသဖြင့်)
- သင့်အသားအရေနဲ့ လိုက်ဖက် သင့်တော်တဲ့ အလှကုန်ပစ္စည်းကို ရွေးချယ်ပါ။
- ခေါင်းအုံးလေးတွေကို သန့်ရှင်းရေးအမြဲလုပ်ပါ။ ဖုန်းကိုလည်း သန့်ရှင်းရေးလုပ်ပါ။
- မျက်နှာကို ခဏခဏ မထိပါနဲ့။
သဘာဝနည်းလမ်းလေးတွေနဲ့ ပေါင်းတင်ပါ။
၁။ ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည်ကို ဝါဂွမ်းနဲ့ တို့ပြီး မျက်နှာအနှံ့ကို သေချာလိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး မျက်နှာသစ်ချပါ။
၂။ သခွားသီး
အသားအရေ ခြောက်သွေ့နေရင် သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်ကပ်ပေးပါ။
၃။ ထောပတ်သီး
ထောပတ်သီးနဲ့ သံလွင်ဆီ နည်းနည်းရောပြီး မျက်နှာပေါင်းတင်ပေးပါ။