မင်္ဂလာပါပျိုမေတို့ရေ။ လူတိုင်းလှချင်ကြပါတယ်။ လှချင်တာဟာ အပြစ်တစ်ခုမဟုတ်ပါဘူးနော်။ ပျိုမေတို့ရဲ့ အသားအရေလေး ညီညာပြီး ဖြူဝင်းပြီး ကြည်လင်လှပစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဒီသဘာဝနည်းလမ်းလေးတွေကိုမလုပ်ခင်မှာ အသားအရေအလှအပအတွက် ရေများများသောက်ပါ၊ အဟာရညီညွှတ်မျှတအောင်စားပါ။ ကိုယ်နဲ့ တည့်တဲ့ သင့်တော်တဲ့ အလှကုန်ပစ္စည်းလေးတွေကိုသာ ရွေးချယ်သုံးပါ။ မျက်နှာကို စင်အောင်သစ်ပါနော်။ ညအိပ်ယာမဝင်ခင်မှာ မျက်နှာသေချာသစ်ဖို့မမေ့ပါနဲ့။

ကဲသဘာဝနည်းလမ်းအတိုင်းပေါင်းတင်ရအောင်။

၁။ ကြက်ဥနဲ့ သခွားသီး

အရေးကြောင်းတွေကို သက်သာစေပြီး အသားအရေကို တင်းရစ်လှပစေဖို့အတွက်

ကြက်ဥ ၁ လုံး

သခွားသီး တစ်ခြမ်း

ကြက်ဥကိုခွဲလိုက်ပြီး အကာကိုပဲသုံးပါ။ ပြီးရင် သခွားသီးကို ပါးပါးလှီးပြီး ကျိတ်စက်ထဲထည့်လိုက်ပါ။ ကြက်ဥအကာကိုလည်းထည့်ပါ။ ပြီးရင် ကျိတ်စက်နဲ့ကျိတ်လိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။

မိနစ် ၃၀ – ၄၀ လောက်ထားပြီးရင် ရေဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။

၂။ ကြက်ဥနဲ့ နာနတ်သီး

ကြက်ဥ ၁ လုံး

နာနတ်သီး ၂ စိတ်

ကြက်ဥအကာကိုပဲယူပါ။ ပြီးရင် နာနတ်သီးနဲ့ ကြက်ဥအကာနှစ်မျိုးလုံးကို ရောပြီး ကျိတ်စက်နဲ့ ကျိတ်လိုက်ပါ။ မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားကာ ရေဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပါ။

၃။ ပျားရည်နဲ့ မုန်လာဥနီ

မုန်လာဥနီ ၁ လုံး

ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

မုန်လာဥနီကို ပါးပါးလှီးပြီး ရေနဲ့ နူးသွားအောင်ပြုတ်ပါ။ ပြီးရင်တော့ ခရင်းသုံးပြီး မုန်လာဥနီကို ပြဲသွားအောင်လုပ်ပါ။ (သို့) ကျိတ်စက်ထဲထည့်ပြီး ကျိတ်လို့ရပါတယ်။ ပြီးရင် ပျားရည်ထည့်လိုက်ပါ။ မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၂၀ ကနေ ၃၀ ထိထားပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။

၄။ ဒိန်ချဉ်နဲ့ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

ဒိန်ချဉ် စားပွဲတင်ဇွန်း ၆ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးကို ကျိတ်စက်ထဲထည့်ကျိတ်လိုက်ပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ မိနစ် ၂၀ ကနေ ၃၀ ထိထားပြီ ရေဆေးချပါ။

အခုပြောပြခဲ့တဲ့ နည်းလမ်းတွေထဲက ကိုယ်အဆင်ပြေတဲ့နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ညအိပ်ယာမဝင်ခင် မျက်နှာသေချာသစ် အခုလို ပေါင်းတင်ပေးပြီး အိပ်ယာဝင်ပါ။ မနက်ဖြန်တိုင်းမှာ ပိုမိုလှပတဲ့အသားအရေလေးတွေ ရရှိပိုင်ဆိုင်ကြပါစေ။