သဘာဝနည်းလမ်းဆိုတာ အကောင်းဆုံးပါလို့ ယုံကြည်ပါတယ်နော်။ စာဖတ်သူတို့ရဲ့ မျက်နှာအသားအရေအတွက်လည်း အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သဘာဝနည်းလမ်းနဲ့ ပေါင်းတင်နည်းကို မျှဝေပေးမယ်နော်။
၁။ မျက်နှာပေါ်က အရေးကြောင်းတွေ သက်သာဖို့
ပါဝင်ပစ္စည်း
သံလွင်ဆီ စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်ဥအနှစ် ၁ လုံး
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ထောပတ်သီးမှည့် ၁ လုံး
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေအားလုံးကို သေချာရော ပြီး မွေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၃၀ ခန့်ထားပါ။ ပြီးရင်တော့ ရေနွေးထဲကို ဝါဂွမ်းနစ်ပြီး လိမ်းထားတာကို ဖယ်လိုက်ပါ။ ပြီးရင် မျက်နှာသစ်ပါ။
၂။ မျက်နှာအသားအရေ ကြည်လင်ဖို့
ပါဝင်ပစ္စည်း
ပဲစိမ်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၄ ပုံ
နို့ လက်ဖက်ရည်ဇွန်း ၃ ဇွန်း (သို့) ၄ ဇွန်း
သံပုယိုသီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဘယ်လိုလုပ်မလဲ
ပါဝင်ပစ္စည်းအားလုံး သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပါ။ မျက်ခုံးမွေးနဲ့ မျက်လုံးနာတစ်ဝိုက်ကို ရှောင်ပေးပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေနွေးလေးနဲ့ မျက်နှာ သစ်ချလိုက်ပါ။ ပြီးရင် Moisturizer လိမ်းပေးထားပါ။