အသက် ၂၀ ဝန်းကျင်အရွယ်မှာ အသားအရေ ထိန်းသိမ်းမှု မလုပ်ဘူးဆိုရင် သင့်အသားအရေဟာ အလွယ်တကူ အိုးမင်းရင့်ရော်ပြီး အရေးကြောင်းတွေ ဖြစ်လာစေပါတယ်။ အသက် ၂၀ ဝန်းကျင်ကစပြီး အသားအရေ ထိန်းသိမ်းမှုလုပ်ပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။

၁။ Suncreen လိမ်းပေးခြင်း

နေပူထဲသွားရင်ဖြစ်ဖြစ်၊ ကမ်းခြေ၊ ရေကူးကန်မှာ ရေကူးရင်ပဲဖြစ်ဖြစ် Sunscreen လိမ်းပေးရမယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီးသားပါပဲ။ သိပေမယ့်လည်း လိုက်မလုပ်ဖြစ်ကြတာတွေရှိပါတယ်။ သင့်အသားအရေ အိုမင်းရင့်ရော်မှုကင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ Sunscreen လိမ်းပေးတာပဲဖြစ်ပါတယ်။

၂။ နေကာမျက်မှန်တပ်ပေးခြင်း

နေကာမျက်မှန်တပ်ပေးတာဟာ သင့်မျက်လုံးကို ကာကွယ်ပေးနိုင်ရုံသာမက သင့်မျက်လုံးနားတစ်ဝိုက်က အသားအရေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဝက်ခြံကိုဖြေရှင်းပါ

ဝက်ခြံဖြစ်ရင် ဝက်ခြံပျောက်အောင် အမြန်ဆုံး ကုသဖြေရှင်းဖို့လိုပါတယ်။ ဝက်ခြံမဖြစ်စေဖို့လည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အပြင်ကပြန်လာတာနဲ့ မျက်နှာပေါ်က မိတ်ကပ်ကိုသေချာပြောင်အောင်ဆေးပြီး မျက်နှာသေချာသစ်ပေးဖို့လိုအပ်ပါတယ်။

၄။ မိတ်ကပ်အများကြီးမလိမ်းပါနဲ့

မိတ်ကပ်အများကြီးလိမ်းတာဟာ သင့်အသားအရေကို အမြန်ဆုံးအိုမင်းရင့်ရော်စေသလို၊ ဝက်ခြံလည်းဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ထူထူမလိမ်းသင့်ပါဘူး။

၅။ အိပ်ယာမဝင်ခင် မျက်နှာသန့်စင်ပြီးသားဖြစ်နေပါစေ

မိတ်ကပ်လိမ်းလျက်သားနဲ့ အိပ်ယာဝင်တာမျိုး မလုပ်သင့်ပါဘူး။ သင်အိပ်ယာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်အားလုံး သန့်စင်ပြီးသားဖြစ်နေသင့်သလို၊ Moisturizer လိမ်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

၆။ ရေများများသောက်ခြင်း

ရေများများသောက်တာဟာ သင့်ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါ။

၇။ မျက်နှာမသစ်ခင်လက်ဆေးပါ

မျက်နှာမသစ်ခင် လက်ကိုသေချာဆေးပေးသင့်ပါတယ်။ သင့်လက်မှာ ဘက်တီးရီးယားတွေနဲ့ ညစ်ပတ်နေတာကြောင့် လက်ကိုသေချာဆေးပေးပြီးမှ မျက်နှာကိုကိုင်တွယ်ပေးသင့်ပါတယ်။

၇။ မနက်တစ်ကြိမ် ညတစ်ကြိမ်မျက်နှာသစ်ပါ။

မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသစ်ပေးသင့်ပါတယ်။ ညဖက်မှာ ခန္ဓာကိုယ်အတွင် ချွေးတွေထွက်၊ အဆီတွေပြန်တာကြောင့် မနက်ဖက်မှာ မဖြစ်မနေမျက်နှာသစ်ပေးသင့်သလို၊ ညဖက်အိပ်ယာ မဝင်ခင်လည်း မျက်နှာသေချာသစ်ပေးသင့်ပါတယ်။

၈။ သင့်အလှပြင်ပစ္စည်းတွေကို ဆေးကြောသန့်စင်ပါ

၁ လတစ်ခါလောက်ပဲဖြစ်ဖြစ် သင့်အလှပြင်ပစ္စည်းတွေကို ဆေးကြောသန့်စင်တာမျိုး လုပ်ပေးသင့်ပါတယ်။ မိတ်ကပ်လိမ်းတဲ့ Brush တွေ၊ သင်နေ့စဉ်ထိတွေ့နေတဲ့ ဖုန်းတွေကို သန့်စင်ပေးပါ။

၉။ အိပ်ရေး၀၀အိပ်ပါ

အိပ်ရေးမဝရင် အသားအရေကို ထိခိုက်ပျက်စီးလွယ်စေပါတယ်။ ဒါ့ကြောင့် အိပ်ရေး၀၀အိပ်ပါ။

၁၀။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေးအတွက်သာမက အသားအရေကိုလှပစေသလို ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်လှပစေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပါ။

၁၁။ ပြုံးပါ

ပြုံးတာဟာ သင့်ကို အိုမင်းရင့်ရော်မှုကနေ တားဆီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပြုံးဖို့မမေ့ပါနဲ့။

၁၂။ သင့်မိတ်ကပ်အလှပြင်ပစ္စည်းတွေကို သေချာဂရုစိုက်ဝယ်ပါ

သင်ဝယ်မယ့် မိတ်ကပ်တွေ အလှပြင်ပစ္စည်းတွေမှာ ဘယ်လိုပါဝင်ပစ္စည်းတွေ ပါသလဲဆိုတာကို သေချာ ဖတ်ပါ။ သင့်အသားအရေနဲ့ မတည့်တဲ့ အလှပြင်ပစ္စည်းဆိုရင် ရှောင်သင့်ပါတယ်။