ကြက်ဥအကာက သင့်အသားအရေအတွက် များစွာအကျိုးကျေးဇူးရှိနေတယ်ဆိုတာကို သင်သိပါသလား။ သင့်အသားအရေကို ပိုပြီး ကြည်လင်လှပစေမှာဖြစ်ပါတယ်။ ဒ့ါအပြင် ကျန်းမာစေလို့ အသားအရေကို စိုပြေစေမှာပါ။

၁။ အရေးအကြောင်းတွေကို လျော့ပါးသက်သာဖို့

ကြက်ဥအကာဟာ သင့်မျက်နှာအသားအရေပေါ်က အရေးကြောင်းတွေကို လျှော့ချပေးပါတယ်။

ကြက်ဥအကာ တစ်လုံး

အုတ်ဂျုံ စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

အရင်ဆုံး မျက်နှာကို ရေနွေး၊ ဆပ်ပြာနဲ့ သေချာသစ်လိုက်ပါ။ ပြီးရင် ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲထည့်ပြီး ရောလိုက်ပါ။ အဲဒီနောက် မျက်နှာပေါ်မှာ လိမ်းပေးပါ။လိမ်းပေးပြီးရင် လက်ချောင်းလေးနဲ့ ဖြည်းဖြည်းချင် ပွတ်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချပါ။ ပြီးရင် ရေအေးနဲ့ ပြန်ဆေးချပါ။ အဲဒီနောက် တဘက်နဲ့ သေချာသုတ်ပေးပြီး Moisturizer လိမ်းပေးလိုက်ပါ။

၂။ အသားအရေကို စိုပြေစေဖို့


ညအိပ်ယာမဝင်ခင်မှာ လုပ်ပေးသင့်တဲ့ နည်းလမ်းပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။

ပါဝင်ပစ္စည်း

ကြက်ဥအကာ ၁ လုံး

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေအားလုံးကို သေချာရောလိုက်ပါ။ ပြီးရင် မျက်နှာကို ရေနွေး ၊ ဆပ်ပြာနဲ့ သေချာသစ်လိုက်ပါ။ အဲဒီနောက် သင့်မျက်နှာနဲ့ လည်ပင်းကို စောစောကရောထားတာကို လိမ်းလိုက်ပါ။ ၁၀ မိနစ်လောက်ထားပြီး ရေနွေးနဲ့ ပြန်ဆေးချပါ။ ပြီးရင် ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးထားပါ။

၃။ မျက်ကွင်းညိုတာ နဲ့ မျက်အိပ်ဖောင်းတာ သက်သာဖို့

ကြက်ဥအကာဟာ သင့်မျက်ကွင်းညိုတာနဲ့ မျက်အိပ်ဖောင်းတာကိုပါ သက်သာစေပါတယ်။

ကြက်ဥအကာကိုပဲ သုံးရမှာပါ။ ကြက်ဥအကာကို ခွက်တစ်လုံးထဲထည့်ပြီး သေချာ ခလောက်လိုက်ပါ။ ပြီးရင် မျက်နှာကို ရေနွေး ဆပ်ပြာနဲ့ သေချာသစ်လိုက်ပါ။ အဲဒီနောက် ကြက်ဥအကာကို မျက်ကွင်းအောက်နားမှာ လိမ်းပေးထားပါ။ ၁၀ မိနစ်လောက်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်လိုက်ပြီး Eye Cream လိမ်းပေးလိုက်ပါ။