သဘာဝအတိုင်း အသားအရေစိုပြေလှပနေစေဖို့ သဘာဝနည်းလမ်းနဲ့ ပေါင်းတင်နည်းကို မျှဝေပေးချင်ပါတယ်။

ဝက်ခြံ၊ အရေးကြောင်းနဲ့ အမည်းစက်တွေကို သက်သာပျောက်ကင်းစေမှာဖြစ်ပြီး သင့်အသားအရေကို ကြည်လင်လှပစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းနှစ်မျိုးကိုရောလိုက်ပါ။ ပြီးရင် သေချာမွေပေးပြီး မျက်နှာနဲ့ လည်ပင်းပေါ်မှာလိမ်းပေးလိုက်ပါ။ ပြီးရင်သေချာလေး ပွတ်ပေးပါ။ မိနစ် ၂၀ လောက်ထားလိုက်ပါ။ အဲဒီနောက် ရေများများနဲ့ ဆေးချလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ပြီး ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။

သတိရမယ့် အချက်တချို့

သံပုယိုသီးကိုသုံးရမှာဖြစ်လို့ ညဖက်မှာလုပ်ပေးပါ။မနက်ခင်းမှာလုပ်ရင် နေရောင်ခြည်ထိတွေ့ရဦးမှာဖြစ်လို့ အသားအရေမှာ အမည်းစက်တွေပိုပြီးဖြစ်လာစေပါတယ်။

ဒီပေါင်းတင်နည်းကိုမသုံးခင် မျက်နှာနဲ့လည်ပင်းကို ရေနွေးနွေးလေးနဲ့ ဆေးချပါ။

စိတ်ရှည်ပါ။ တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်ထိလုပ်ပေးနိုင်ပါတယ်။

ပျားရည်၊ သကြား (သို့) အုတ်ဂျုံကို နည်းနည်း ထပ်ထည့်ပေးနိုင်ပါတယ်။ သဘာဝအတိုင်း လုပ်ထားတဲ့ ဒိန်ချဉ်ကိုအသုံးပြုရင်ပိုကောင်းပါတယ်။ ဒိတ်ကုန်သွားတဲ့ ဒိန်ချဉ်ဟာ အသားအရေအတွက်မကောင်းပါဘူး။