(Zawgyi)
၀ိတ္ခ်ခ်င္ေပမယ့္ ၀ိတ္မက်ရတဲ့ အဓိကအေၾကာင္းရင္းကေတာ့ သေရစာေလးေတြ တို႔စိတို႔စိစားမိတာပါပဲ။ မိတ္ေဆြသူငယ္ခ်င္းတစ္ေယာက္ေယာက္က ဒိုးနပ္စားမလား၊ ကြတ္ကီးစားမလာ၊ အိမ္က အေမမုန္႔ထည့္ေပးလိုက္တယ္ စားပါဦး။ စသျဖင့္ သင့္ကို စြဲေဆာင္ထားတဲ့ သေရစာေလးေတြကအမ်ားသားေလ။ ဘယ္သူမွမေကၽြးရင္ေတာ့ တတြတ္တြတ္ ၀ယ္စားမိေနတာကိုး။
မိန္းကေလးေတြကေတာ့ ကိုယ္အေလးခ်ိန္ တက္တာလည္း ျမန္သလို၊ က်တာလည္းျမန္ပါတယ္။ ဒါ့ေၾကာင့္ ဒီနည္းလမ္းေလးေတြနဲ ႔အဆင္ေျပပါတယ္။
၁။ အမွ်င္ဓာတ္မ်ားမ်ားစားပါ။
အမွ်င္ဓာတ္ပါတဲ့ အစားအစာမ်ားမ်ားစားေပးတာဟာ သင့္ခႏၶာကို္ယ္အတြင္းက ကယ္လုိရီကို အေကာင္းဆံုး ရွင္းထုတ္နည္းတစ္ခုပါပဲ။ အမွ်င္ဓာတ္ပါတဲ့ အသီးအႏွံမ်ားမ်ားစားပါ။
၂။ ကာဘြန္ဟိုက္ဒရိတ္ဓာတ္စားသံုးမႈကိုေလွ်ာ့ခ်ပါ။
ကာဘြန္ဟိုက္ဒရိတ္ပါတဲ့ အစားအစာေတြစားသံုးမႈကို ေလွ်ာ့ခ်ပါ။ အာလူး၊ ေထာပတ္၊ ခရင္မ္၊ ေပါင္မုန္႔ စတဲ့အစားအစာေတြကို ေလွ်ာ့စားပါ။
၃။ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့အဆီစားပါ
တခ်ိဳ႕က ၀ိတ္ခ်ရင္ အဆီလံုး၀မစားေတာ့တာမ်ိဳး လုပ္တတ္ပါတယ္။ အဲဒီလိုမလုပ္ရပါဘူး။ သင့္ခႏၶာကို္ယ္အတြက္ အာဟာရမွ်တေစဖို႔ က်န္းမာေရးနဲ႔ ညီညြတ္တဲ့အဆီစားေပးသင့္ပါတယ္။
၄။ ေလ့က်င့္ခန္းလုပ္ပါ
မနက္ေစာေစာပဲျဖစ္ျဖစ္၊ ညေနဘက္ပဲျဖစ္ျဖစ္ လမ္းေလွ်ာက္ေပးတာမ်ိဳး လုပ္သင့္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔အတူတူ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တဲ့ အားကစားအသင္းေတြထဲ အဖြဲ႔၀င္လုပ္ထားလိုက္ပါ။ အျပင္းအထန္ေလ့က်င့္ခန္းလုပ္ရမယ္လို႔ မဆိုလိုပါဘူး။ ပံုမွန္ေလးက်င့္ခန္းလုပ္ပေးပါ။
၅။ သေရစာကို ေသခ်ာေရြးခ်ယ္ပါ
ကိုယ္ကသေရစားစားတတ္တဲ့သူဆိုရင္ ကိုယ္အေလးခ်ိန္မတက္ေစတဲ့ ေပါ့ေပါ့ပါးပါး သေရစားေလးေတြစားေပးသင့္ပါတယ္။
၆။ ခြက္ေသးေသးနဲ႔စားပါ
သင္အၿမဲစားေနက် ပန္းကန္ကို ေျပာင္းၿပီး စားလိုက္ပါ။ ခြက္ေသးေသးထဲမွာ ထမင္းနည္းနည္း အသားနဲ႔ အဆီနည္းနည္းနဲ႔ခ်က္ထားတဲ့ အသီးအရြက္ေတြ ထည့္စားပါ။
၇။ ကိုယ္တိုင္ခ်က္စားပါ
ကိုယ္တိုင္ခ်က္စားတာဟာ က်န္းမာေရးနဲ႔ ပိုၿပီး ညီညႊတ္သလို၊ ဟင္းနွံ႔ေတြနဲ႔ ဗိုက္ျပည့္ေနတတ္တာမို႔ သင့္ကို အစားမ်ားမ်ားစားမိျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။
၈။ ေရမ်ားမ်ားေသာက္ပါ
တစ္ေန႔တာလံုးအတြက္ ေရကို အနည္းဆံုး ၈ခြက္ေသာက္ေပးပါ။ အစာမစားခင္ ၁၅ မိနစ္အလိုေရေသာက္ေပးပါ။
၉။ ဇြဲမေလွ်ာ့ပါနဲ႔
၀ိတ္ခ်တာ နင္ေတာ့မျဖစ္ႏိုင္ပါဘူးလို႔ ေဘးကလူေတြ ေျပာလာတိုင္း ဇြဲမေလွ်ာ့ပါနဲ႔။ အားမငယ္ပါနဲ႔။ သင္လက္ရွိလုပ္ေနတဲ့အေပၚမွာ အာရံုစိုက္ပါ။ တခါႏွစ္ခါလုပ္ၿပီး ေတာ္ပါၿပီ ဘာမွလည္းမထူးဘူးဆိုၿပီး မလုပ္ပါနဲ႔။
(Unicode)
ဝိတ်ချချင်ပေမယ့် ဝိတ်မကျရတဲ့ အဓိကအကြောင်းရင်းကတော့ သရေစာလေးတွေ တို့စိတို့စိစားမိတာပါပဲ။ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက်က ဒိုးနပ်စားမလား၊ ကွတ်ကီးစားမလာ၊ အိမ်က အမေမုန့်ထည့်ပေးလိုက်တယ် စားပါဦး။ စသဖြင့် သင့်ကို စွဲဆောင်ထားတဲ့ သရေစာလေးတွေကအများသားလေ။ ဘယ်သူမှမကျွေးရင်တော့ တတွတ်တွတ် ဝယ်စားမိနေတာကိုး။
မိန်းကလေးတွေကတော့ ကိုယ်အလေးချိန် တက်တာလည်း မြန်သလို၊ ကျတာလည်းမြန်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းလေးတွေနဲ့အဆင်ပြေပါတယ်။
၁။ အမျှင်ဓာတ်များများစားပါ။
အမျှင်ဓာတ်ပါတဲ့ အစားအစာများများစားပေးတာဟာ သင့်ခန္ဓာကိုယ်အတွင်းက ကယ်လိုရီကို အကောင်းဆုံး ရှင်းထုတ်နည်းတစ်ခုပါပဲ။ အမျှင်ဓာတ်ပါတဲ့ အသီးအနှံများများစားပါ။
၂။ ကာဘွန်ဟိုက်ဒရိတ်ဓာတ်စားသုံးမှုကိုလျှော့ချပါ။
ကာဘွန်ဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေစားသုံးမှုကို လျှော့ချပါ။ အာလူး၊ ထောပတ်၊ ခရင်မ်၊ ပေါင်မုန့် စတဲ့အစားအစာတွေကို လျှော့စားပါ။
၃။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီစားပါ
တချို့က ဝိတ်ချရင် အဆီလုံးဝမစားတော့တာမျိုး လုပ်တတ်ပါတယ်။ အဲဒီလိုမလုပ်ရပါဘူး။ သင့်ခန္ဓာကိုယ်အတွက် အာဟာရမျှတစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီစားပေးသင့်ပါတယ်။
၄။ လေ့ကျင့်ခန်းလုပ်ပါ
မနက်စောစောပဲဖြစ်ဖြစ်၊ ညနေဘက်ပဲဖြစ်ဖြစ် လမ်းလျှောက်ပေးတာမျိုး လုပ်သင့်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူတူ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ အားကစားအသင်းတွေထဲ အဖွဲ့ဝင်လုပ်ထားလိုက်ပါ။ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ရမယ်လို့ မဆိုလိုပါဘူး။ ပုံမှန်လေးကျင့်ခန်းလုပ်ပေးပါ။
၅။ သရေစာကို သေချာရွေးချယ်ပါ
ကိုယ်ကသရေစားစားတတ်တဲ့သူဆိုရင် ကိုယ်အလေးချိန်မတက်စေတဲ့ ပေါ့ပေါ့ပါးပါး သရေစားလေးတွေစားပေးသင့်ပါတယ်။
၆။ ခွက်သေးသေးနဲ့စားပါ
သင်အမြဲစားနေကျ ပန်းကန်ကို ပြောင်းပြီး စားလိုက်ပါ။ ခွက်သေးသေးထဲမှာ ထမင်းနည်းနည်း အသားနဲ့ အဆီနည်းနည်းနဲ့ချက်ထားတဲ့ အသီးအရွက်တွေ ထည့်စားပါ။
၇။ ကိုယ်တိုင်ချက်စားပါ
ကိုယ်တိုင်ချက်စားတာဟာ ကျန်းမာရေးနဲ့ ပိုပြီး ညီညွှတ်သလို၊ ဟင်းနှံ့တွေနဲ့ ဗိုက်ပြည့်နေတတ်တာမို့ သင့်ကို အစားများများစားမိခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
၈။ ရေများများသောက်ပါ
တစ်နေ့တာလုံးအတွက် ရေကို အနည်းဆုံး ၈ခွက်သောက်ပေးပါ။ အစာမစားခင် ၁၅ မိနစ်အလိုရေသောက်ပေးပါ။
၉။ ဇွဲမလျှော့ပါနဲ့
ဝိတ်ချတာ နင်တော့မဖြစ်နိုင်ပါဘူးလို့ ဘေးကလူတွေ ပြောလာတိုင်း ဇွဲမလျှော့ပါနဲ့။ အားမငယ်ပါနဲ့။ သင်လက်ရှိလုပ်နေတဲ့အပေါ်မှာ အာရုံစိုက်ပါ။ တခါနှစ်ခါလုပ်ပြီး တော်ပါပြီ ဘာမှလည်းမထူးဘူးဆိုပြီး မလုပ်ပါနဲ့။