ကိုယ်အလေးချိန်လျှော့ချတာဟာ အလှအပတစ်ခုတည်းအတွက်သာမကပါဘူး။ သင့်ကျန်းမာရေးအတွက်လည်း သိပ်ကိုအရေးပါလှပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချပေးဖို့လိုအပ်ပါတယ်။

၁။ ပန်းကန်သေးသေးလေးနဲ့စားပါ

ပန်းကန်သေးသေးလေးနဲ့ စားပါ။ သုတေသနပြုချက်အရ လူတွေဟာ ပန်းကန်ထဲမှာ ထည့်ထားတဲ့အစားအစာတွေ မကုန်မချင်းစားတတ်ကြလေ့ရှိပါတယ်။ ဒါ့ကြောင့် ပန်းကန်သေးသေးနဲ့စားတာဟာ အစားများများစားမိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ ဈေးသွားရင် လိုအပ်တဲ့ပစ္စည်းတွေကို သေချာစာရင်းပြုစုပါ

ဈေးသွားတဲ့အခါ ရှော့ပင်ထွက်တဲ့အခါ ဝယ်ရမယ့် ပစ္စည်းတွေကို သေချာစာရင်း ပြုစုထားပါ။ သင်ကြိုက်နှစ်သက်တဲ့အစားအစာတွေကို တွေ့ရာ လျှောက်ဝယ်မယ့်အစား ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို ဝယ်ဖို့စာရင်းပြုစုပါ။ စားနိုင်တာထက်လည်း ပိုမဝယ်ပါနဲ့။

၃။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့မနက်စာစားပါ

မနက်စာဟာ သိပ်ကိုအရေးကြီးပါတယ်။ မနက်စာ ပြည့်ပြည့်ဝဝ စားတာဟာ သင့်ကို အားအင်ပြည့်ဝနေစေပြီး ဦးနှောက်စွမ်းဆောင်ရည်ကောင်းမွန်စေသလို ဇီဝဖြစ်စဉ်ကိုလည်း ကောင်းမွန်စေပါတယ်။

၄။ သရေစာမစားပါနဲ့

ကိုယ်အလေးချိန်လျှော့ချချင်ရင်တော့ အသင့်စားသရေစာတွေ လုံးဝ လုံးဝ ရှောင်ကျဉ်ရပါမယ်။

၅။ အစာကိုညက်ညက်ဝါးပါ

အစားစားတဲ့အခါမှာ အချိန်ယူပြီး ဖြည်းဖြည်းချင်းဝါးပါ။ ညက်အောင်ဝါးပါ။

၆။ စားရမယ့်ပမာဏကို ကန့်သတ်ထားပါ

ဥပမာ ထမင်းပန်းကန်ထဲမှာ ထမင်းက ဘယ်နှစ်ပုံ၊ ဟင်းကဘယ်နှစ်ပုံ၊ အသားကဘယ်နှစ်ပုံ၊ ထမင်းစားပြီးရင် ဘာအသစ်ဖျော်ရည်သောက်မယ်။ စသဖြင့် စားရမယ့်ပမာဏကို ကန့်သတ်လိုက်ပါ။

၇။ အာဟာရသင့်တင့်မျှတအောင်ရောစားပါ

အသား၊အသီးအရွက်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီ စတဲ့ အစားအစာတွေအားလုံးကို သင့်တင့်မျှတအောင်စားပါ။

၈။ ဆုံးဖြတ်ချက်ခိုင်မာပါစေ

အဆီကျစေတဲ့ဆေးတွေ၊ ဖျော်ရည်တွေ မသောက်ပါနဲ့။ အဲဒီအစား စိတ်ရှည်ပါ။ သင့်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး သေချာလုပ်ပါ။ အားကစားလည်းလုပ်ပါ။

၉။ ဆက်လုပ်ပါ

အခုလို အစားအစာကို စနစ်တကျ စားသုံးပြီး အားကစားလိုက်စားလို့ ကိုယ်အလေးချိန်နည်းနည်းကျလာရင် တော်ပြီဆိုပြီး အများကြီးစားလိုက်တာမျိုး မလုပ်ပါနဲ့။ တိုးတက်မှုအတိုင်း ဆက်ပြီးထိန်းသိမ်းလုပ်ဆောင်ပါ။

၁၀။ သင့်ကိုယ့်သင် မညည်းဆဲပါနဲ့

သင်ဟာ လူသားတစ်ယောက်ဖြစ်တယ်ဆိုတာကို သတိရပါ။ သင့်ကိုယ်သင် အလိုလိုက်ပြီး မကျန်းမာတဲ့အစားအစာစားပြီး ကိုယ့်ကိုကိုယ် မညည်းဆဲ လိုက်ပါနဲ့။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာကို အခုပဲစားလိုက်ပါ။