ချွေးပေါက်ကျယ်ပြီး အဆီတွေပြန်နေလို့ စိတ်ညစ်နေလား။ ကျွန်မတို့ခန္ဓာကိုယ်မှာချွေးပေါက်ပေါင်း ၂ သန်းလောက်ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ကြောင့် အသားအရေထိခိုက်ပျက်စီးမှုကို ကာကွယ်ဖို့အတွက် လိုအပ်ပါတယ်။ ဒါပေမယ့် ချွေးပေါက်အရမ်းကျယ်ရင် အဆီပြန်ပြီး လိမ်းထားတဲ့ မိတ်ကပ်တွေနဲ့ ချွေးတွေရောသွားကာ ချွေးပေါက်ပိတ်သွားတတ်ပါတယ်။

ပြီးရင် ဆဲလ်သေတွေဖြစ်ပေါ်လာပြီး ဝက်ခြံလေးတွေ ထွက်လာတတ်ပါတယ်။ ဒါကြောင့် ချွေးပေါက်ကိုသန့်စင်ပေးပြီး ချွေးပေါက်ကျဉ်းစေမယ့် နည်းလမ်းကိုမျှဝေပေးပါမယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ သင့်အသားအရေပေါ်ရှိ PH ပမာဏကို ထိန်းထားပေးနိုင်ပြီး ချွေးပေါက်ကို ကျဉ်းစေပါတယ်။ ခရမ်းချဉ်သီးအမှည့် ၁ လုံး၊ ရေခွက် ၄ပုံ၁ပုံ လိုအပ်ပါတယ်။

ပြုလုပ်နည်း

ခရမ်းချဉ်သီးအမှည့်ကို ရေနည်းနည်းထည့်ပြီး ကြိတ်စက်ထဲထည့်ကြိတ်လိုက်ပါ။ လုံး၀ ညှက်သွားပြီဆိုရင် မျက်နှာတစ်ခုလုံးကိုလိမ်းပေးပါ။  ၁ မိနစ် လောက်ထားပြီး ရေအေးအေးနဲပ မျက်နှာသစ်ချပါ။

ခရမ်းချဉ်သီးမလိမ်းခင်မှာ မျက်နှာကို ရေနွေးနဲ့ အရင်သစ်ပေးရပါမယ်။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။

အုတ်ဂျုံနဲ့ ပျားရည်

အုတ်ဂျုံ စားပွဲတင်ဇွန်း ၂ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

အခုဖော်ပြခဲ့တဲ့ ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောလိုက်ပါ။ ပြီးရင် မျက်နှာကိုရေနွေးနဲ့အရင်သစ်ပါ။ ခြောက်အောင်သုတ်ပြီး အုတ်ဂျုံနဲ့ ပျားရည် ရောထား တာကိုလိမ်းပါ။ မိနစ် ၃၀ လောက်ထားပါ။ ရေအေးအေးလေးနဲ့ မျက်နှာပြန်သစ်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးပါ။

သခွားသီးနဲ့ နို့

သခွားသီး တစ်ခြမ်း

နို့ ခွက် ၄ပုံ၁ပုံ (မည်သည့်နို့မဆို)

ကြိတ်စက်ထဲမှာ ပါဝင်ပစ္စည်းနှစ်မျိုးကိုရောလိုက်ပြီး ကြိတ်လိုက်ပါ။ ပြီးရင်မျက်နှာကိုရေနွေးလေးနဲ့သေချာသစ်ပြီး ခြောက်အောင်သုတ်ကာ လိမ်းပေးပါ။ မိနစ် ၂၀ကနေ ၃၀ ထိထားပါ။ ပြီးရင်ရေအေးအေးနဲပဆေးချလိုက်ပါ။ ညတိုင်းလုပ်ပေးနိုင်ပါတယ်။

နောက်ထပ်နည်းလမ်း

မနက်ဖက်ပဲဖြစ်ဖြစ် ညအိပ်ယာဝင်ခါနီးပဲဖြစ်ဖြစ် မျက်နှာကိုသေချာသစ်ပါ။ မျက်နှာသစ်တဲ့အခါ ရေနွေးလေးနဲ့ အရင်ဆေးပြီး မျက်နှာသစ်ဆပ်ပြာကို သေချာပွတ်လိမ်းပါ။ ပြီးရင်ရေခဲရေလောက်နီးနီးအေးတဲ့ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။