ကျွန်မတို့တွေအားလုံး အသားအရ ကြည်လင်ပြီး ကျန်းမာစေဖို့ အမြဲတမ်းလို ကြိုးစားကြပါတယ်။ ဒါပေမယ့်လည်း ကြည်လင်တဲ့အသားအရေရဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ကိုယ်စားသုံးနေတဲ့အစားအစာတွေ၊ ပတ်ဝန်းကျင်နဲ့ ကိုယ်နေ့တိုင်းအသုံးပြုနေတဲ့ အလှပြင်ပစ္စည်းတွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာမစားတာ၊ ဖုန်နဲ့အညစ်အကြေးထိတွေ့တာများတာ၊ အရည်အသွေးညံ့တဲ့အလှပြင်ပစ္စည်း (သို့) ကိုယ်နဲ့မတည့်တဲ့ အလှပြင်ပစ္စည်းသုံးတာတွေကြောင့် ဝက်ခြံတွေ အမည်းစက်တွေ ရေးကြောင်းတွေ ဆားဝက်ခြံတွေ ဖြစ်စေပါတယ်။

နောက်ထပ်ပြဿနာတစ်ခုကတော့ မျက်နှာပေါ်မှာ အမွှေးအမျှင်တွေ များတာကိုလည်း အမျိုးသမီးတိုင်း အနှောင့်အယှက်ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ကြက်ဥနဲ့နေ့တိုင်းပေါင်းတင်ပြီး ၂ ပတ်အတွင်း နုပျို ကြည်လင်တဲံ အသားအရေကို အရယူလိုက်ပါ။

ပါဝင်ပစ္စည်း

ကြက်ဥ ၁ လုံး

ပြုလုပ်နည်း

အရမ်းကိုရိုးရှင်းပါတယ်။ အရင်ဆုံးကြက်ဥ အနှစ်နဲ့ အကာကို ခွက်တစ်လုံးချင်းဆီမှာ ခွဲပြီးထည့်လိုက်ပါ။ ပြီးရင် မွှေပေးပါ။ ကြက်ဥအကာကို မျက်နှာပေါ် လိမ်းပေးပြီး သစ်ရှုးကိုကပ်ပေးကာ ခြောက်သွားအောင် နာရီဝက်ထားပါ။ အဲဒီနောက် သစ်ရှုစကို ခွာချလိုက်ပြီး ရေနွေးနဲ့ ဆေးချကာ တဘက်နဲ့ခြောက်အော်သုတ်ပါ။ ပြီးရင် ကြက်ဥအနှစ်ကိုလိမ်းပေးပြီး ၁၀ မိနစ်လောက်ထားကာ ရေနွေးနဲ့ မျက်နှာသစ်ချာပါ။ ရေနွေးဆိုရာမှာ ရေကို နွေါ်တယ်ဆိုရုံလောက်ပဲ လုပ်ရမှာဖြစ်ပါတယ်။

၂ ပတ်ဆက်တိုက်လုပ်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်နုပျိုလာမှာဖြစ်ပါတယ်။