လူတိုင်း အမည်းစက်ကင်းစင်ပြီး ကြည်လင်စိုပြေတဲ့အသားအရေကို ရယူပိုင်ဆိုင်လိုကြပါတယ်။ ဒါပေမယ့် ဒီလိုအသားအရေမျိုးရဖို့ဆိုတာကလည်း သိပ်တော့မလွယ်ကူလှပါဘူး။ အစားအသောက်၊ အနေအထိုင်ကအစ ဂရုစိုက်ဖို့လိုပါတယ်။ အသားအရေကြည်လင်စိုပြေစေပြီး အမဲစက်ကင်းစင်စေမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

နုတ်နုတ်စဉ်းထားသော နံနံရွက် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုရည် လက်ဖက်ရည်ဇွန်း၁ ဇွန်း( သံပုရာရည်လည်းုံးလို့ရပါတယ်။)

ရေ ၂၀၀ မီလီလီတာ

ပြုလုပ်နည်း

အိုးတစ်လုံးထဲကို ရေထည့်လိုက်ပြီး ဆူအောင်သည်ပါ။ ပြီးရင် နံနံပင်ထည့်ပင် မီးအရှိန်လျှော့လိုက်ပါ။ အဲဒီနောက်ခဏလောက်မွှေပေးပြီး မီးဖိုပေါ်ကချပေးပါ။ အအေးခံပြီးရင် သံပုယိုရည်ထည့်လိုက်ပြီး သေချာမွှေပါ။ ခွက်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။

မနက်တိုင်းနဲ့ ညတိုင်းမှာ အသုံးပြုပေးပါ။ ၁ လကြာပုံမှန်သုံးပေးပါ။

အရေးကြီးသည့်အချက်

မျက်ကွင်းညိုတာကို ပျောက်ချင်ရင်တော့ သံပုယိုရည် မထည့်ပါနဲ့နော်။ စောစောက နံနံပင်ပြုတ်ထားတဲ့ အရည်ကိုပဲ ဝါဂွမ်းနဲ့စိမ်ပြီး မျက်လုံးနားတစ်ဝိုက်လိမ်းပေးကာ ၅ မိနစ်လောက်ထားပါ။ တစ်နေ့ ၂ ကြိမ်လုပ်ပေးပါ။

ချွေးပေါက်တွေကို ကျဉ်းစေပြီး အမဲစက်ကင်းစင်တဲ့အသားအရေကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။