မျက်နှာကိုပဲ ဂရုစိုက်ရင်း ငွေတွေ အများအပြား အသုံးပြုကြပေမဲ့ လည်ပင်းကို ဂရုစိုက်ဖို့ မေ့လျှော့နေတတ်ကြပါတယ်။ မိတ်ကပ်လိမ်းရင်တောင် လည်ပင်းကိုလိမ်းပေးဖို့ မေ့တတ်ကြသူတွေရှိပါတယ်။

ဒီတော့ မျက်နှာပဲဖြူပြီး လည်ပင်းကြီးမည်းနေရင်လည်း အဆင်မပြေပါဘူး။ လည်တိုင်ဖြူဖြူလေးကိုပိုင်ဆိုင်နိုင်ဖို့ သဘာဝနည်းလမ်းကို အသုံးပြုရအောင်ပါ။

ပြုလုပ်နည်း ၁

မှုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး လည်ပင်းပေါ်မှာ ပွတ်လိမ်းပေးရမှာပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်လို့ အသားအရေ ဖြူဝင်းစိုပြေလာမှာပါ။

နည်း ၂

ပါဝင်ပစ္စည်း

စန္ဒကူး နံ့သာမှုန့် (သို့) ရွှံ့စေးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုယိုသီး (သို့) သံပုရာသီး တစ်ခြမ်း (အရည်ညှစ်)

နို့အေး လိုအပ်သလောက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ရောမွှေလိုက်ပါ။ နို့အေးကိုတော့ လိုသလောက်ထည့်ပါ။ အရည်ကို ပျစ်ပျစ်လေးဖြစ်အောင်လုပ်ရမှာဖြစ်ပြီးတော့ လည်ပင်းမှာ လိမ်းပေးရမှာပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ခြောက်အောက်ထားပါ။ အဲဒီနောက် ရေနွေးနဲ့ ဆေးချပါ။ အသားအရေ ခြောက်နေတယ်ခံစားရရင် Moisturiser လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။ တစ်လအတွင်း သိသာလာမှာဖြစ်ပါတယ်။

Source: wellordie.com

Featured Image Source: Top 10 Home Remedies