အသားအရေ ကြည်လင်ညီညာပြီး ဖြူဝင်းတာကို မိန်းကလေးတိုင်း ဖြစ်ချင် လိုချင်ကြမှာပါ။ ဒီအတွက် ဈေးကွက်မှာ အလွယ်တကူဝယ်ယူလို့ရနေတဲ့ အသားဖြူခရင်မ်တွေက တကယ်ရော အကျိုးသက်ရောက်မှုရှိရဲ့လား။ ဘေးထွက်ဆိုးကျိုးကော ဘယ်လိုရှိလဲ။ ဒါတွေအတွက် သဘာဝနည်းလမ်းနဲ့ အဖြေရှာဖို့ သဘာ၀ လိုရှင်းပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

Rose Water ( နှင်းဆီပွင့် ရေစိမ်ထားတဲ့ အရည်) လက်ဖက်ရည်ဇွန်း ၃ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

Sandalwood Powder (ရှင်မတောင်သနပ်ခါး မှုန့်) စားပွဲတင်ဇွန်း ၁ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ရှားစောင်းလက်ပက် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

နှင်းဆီရေ ၊ သံပုရာရည်နဲ့ ရှင်မတောင်သနပ်ခါးမှုန့်ကို ရောပြီး မွှေလိုက်ပါ။ အရမ်းခဲနေရင် ရေ နည်းနည်းထည့်ပါ။ ပြီးရင် သံလွင်ဆီနဲ့ ရှားစောင်းလက်ပက်ထည့်ပြီး သေချာမွှေပါ။ အဲဒီ Lotion ကို ဘူးထဲထည့်ထားပါ။

အိပ်ယာမဝင်ခင် ရေနွေးနည်းနည်းစွပ် ခြောက်အောင်သုတ်ပြီး လိုးရှင်းလိမ်းပါ။ ပြီးရင် နည်းနည်းလေး နှိပ်ပေးပါ။ အိပ်ယာဝင်ပြီး မနက်မိုးလင်းရင် ရေနွေးနဲ့ ဆေးချပါ။ ၄၅ ရက်လောက် ဆက်တိုက်လုပ်ပြီးရင် ရလဒ်ကောင်းတွေရလာမှာပါ။