နှင်းဆီရေကို ရှေးယခင်ကတည်းက အသားအရေ ကြည်လင်စိုပြေစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ ပျိုမေတို့ အလှပအတွက် လျှို့ဝှက်ချက် တစ်ခု လည်းဖြစ်ပါတယ်။ အသားအရေကို ပြန်ပြီးနုပျိုစေတာကြောင့်လည်း ယနေ့ထိ အသုံးပြုနေကြတာပါ။

နှင်းဆီရေဘယ်လိုလုပ်မလဲ

နှင်းဆီပွင့်ကို ရေသေချာဆေးလိုက်ပါ။ နှင်းဆီပွင့် အနီနဲ့ ပန်းရောင်ကိုသုံးတာပိုကောင်းပါတယ်။

အိုးတစ်လုံးကို ယူပါ။ အိုးတစ်လုံးထဲကို ရေ လီတာဝက်ထည့်ပါ။ ပြီးရင် မီးဖိုပေါ်တင်လိုက်ပါ။ ရေကပွက်လာပြီဆိုရင် အပူချိန်ကိုလျှော့လိုက်ပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး မီးပိတ်လိုက်ပါ။နောက်ထပ် တစ်နာရီလောက်ထားပြီး အအေးခံလိုက်ပါ။ ပြီးရင် နှင်းဆီကို ဆစ်ချလိုက်ပါ။

အဲဒီနောက် နှင်းဆီရေကို ဘူးတစ်လုံးထဲထည့်ထားပြီး အဖုံးသေချာပိတ်လိုက်ပါ။ ပြီးရင်ရေခဲသေတ္တာထဲထည့်ပြီး အအေးခံလိုက်ပါ။ နောက်နေ့မှာသုံးလို့ရပါပြီ။

ဘယ်လိုသုံးမလဲ

အဲဒီနှင်းဆီရေကို တိုနာအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

မျက်နှာသစ်ပြီးရင် နှင်းဆီရေကိုလိမ်းထားပေးလို့ရပါတယ်။ နှင်းဆီရေသာ သင့်အသားအရေကို ကြည်လင်လှပလာစေမှာဖြစ်ပါတယ်။

နှင်းဆီရေမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး Collagen တွေကို ပိုပြီး ကောင်းမွန်စေပါတယ်။ Free Radical ကြောင့် အသားအရေ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။

မျက်ကွင်းညိုတာကိုလည်း သက်သာစေတာကြောင့် မနက်စောစော မျက်နှာသစ်ပြီး (သို့) ညအိပ်ယာဝင်ခါနီးမှာ မျက်လုံးအောက်ကို လိမ်းပေးထားနိုင်ပါတယ်။

အမည်းစက်တွေ၊ အကြောပြတ်တာတွေနဲ့ အရေးကြောင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဝက်ခြံကိုလည်း သက်သာစေပါတယ်။