ဆန်ဟာ အာဟာရဓာတ်ကြွယ်ဝရုံသာမက အလှပအတွက်လည်း အသုံးပြုလို့ရပါတယ်။ သင်ရဲ့အသားအရေကို စိုပြေကြည်လင်စေမှာပါ။ ဒါ့ကြောင့် ဆန်နဲ့ ပေါင်းတင်နည်းတွေကို မျှဝေပေးသွားပါမယ်။ အခုပေါင်းတင်နည်းတွေဟာ အသားအရေကို ကြည်လင်စေပြီး အဆီပြန်မှုကင်းဝေးစေမှာဖြစ်သလို အသားအရေ နူးညံ့စေမှာပါ။

၁။ ဆန်နဲ့ ရှားစောင်းလက်ပက်

ဆန်မှုန့်

ရှားစောင်းလက်ပက်အနှစ်

ရေ

ရှားစောင်းလက်ပက်အနှစ်ကို ယူလိုက်ပါ။ ပြီးရင် ဆန် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ရေ နည်းနည်းထည့်ပါ။ ခပ်ပျစ်ပျစ်လေးဖျော်ပြီး မျက်နှာပေါ်မှာ စိမ့်ဝင်သွားအောင် ပွတ်လိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေနွေးနဲ့ ဆေးချလိုက်ပါ။

၂။ ထမင်းရည်နဲ့ နို့

ထမင်းရည် စားပွဲတင်ဇွန်း ၂ ဇွန်း

နို့ စိမ်း စားပွဲတင်ဇွန်း ၃ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ လိမ်းပေးနေတဲ့အချိန်မှာ အသားထဲ စိမ့်ဝင်သွားအောင် ညင်သားစွာ ပွတ်ပေးပါ။ ပြီးရင် မိနစ် ၂၀ – ၂၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

၃။ ဆန်မှုန့် ပျားရည် နဲ့ ကွေကာအုတ်အမှုန့်

ဆန်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

ပျားရည် စားပွဲတင်ဇွန်းတစ်ဝက်

ကွေကာအုတ်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။