လူတွေမှာ အသားအရေအမျိုးအစား ၁၀၀ ကျော်ရှိပါတယ်တဲ့။ ဒီလိုအသားအရေထဲမှာ အသားပိုတွေ ပေါက်တတ်တဲ့သူမျိုးလည်းရှိတယ်နော်။ ဒီတော့ မလိုအပ်တဲ့ အသားပိုတွေကို သဘာဝနည်းလမ်းနဲ့ ဘေးကင်းကင်း ဖယ်ရှားကြရအောင်ပါ။

ပန်းသီးရှာလကာရည်ထဲကို ဝါဂွမ်းစ နှစ်လိုက်ပါ။ ပြီးရင် အသားပိုပေါ်မှာ ပွတ်လိမ်းပေးပါ။ တစ်နေ့ ၃ ကြိမ်လိမ်းပေးပါ။ နေ့တိုင်းပုံမှန်လုပ်ပေးရင် အသားပိုရဲ့ အရောင် တဖြည်းဖြည်း ကျသွားမှာဖြစ်ပြီး ပျောက်သွားမှာပါ။

ပါဝင်ပစ္စည်း

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ဝါဂွမ်း

ပြုလုပ်နည်း

ပန်းသီးရှာလကာရည်နှစ်လိုက်တဲ့ ဝါဂွမ်းကို အရည်လေး တစ်ချက် ညှစ်ပြီးမှာ အသားအရေပေါ်မှာ လိမ်းပေးပါ။

ပန်းသီးရှာလကာရည်နဲ့ နောက်ထပ်အသုံးဝင်ပုံတွေကတော့

ဆံပင်ပေါင်းဆေးအနေနဲ့သုံးနိုင်တယ်။

Toner အနေနဲ့သုံးနိုင်တယ်။

မှဲ့နဲ့ ကြွက်နို့ကိုလည်း ဖယ်ရှားပေးနိုင်တယ်။

ခန္ဓာကိုယ်ကို အဆိပ်အတောက်ကင်းစေတယ်။

အိမ်မှာ ပန်းသီးရှာလကာရည်လေး ဝယ်ထားရုံနဲ့ ဘက်စုံအသုံးဝင်ပါတယ်။