ဒီနေ့မှာတော့ မျက်နှာပေါ်က အမည်းစက်တွေကို ဖယ်ရှားနိုင်ဖို့အတွက် အာလူးကို အသုံးပြုနည်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ သဘာဝနည်းလမ်းတွေမို့လို့ ဘေးထွက်ဆိုးကျိုးဖြစ်မှာကို စိတ်ပူစရာမလိုပါဘူး။

၁။ အာလူးနဲ့ သံပုရာသီး (သို့) သံပုယိုသီး

ပါဝင်ပစ္စည်း

အာလူး ၁ လုံး

သံပုရာသီး တစ်ခြမ်း (သို့) သံပုရာသီး ၁လုံး

ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း

အရင်ဆုံး အာလူးကိုသေချာဆေး အခွံနွှာပြီး ကြိတ်လိုက်ပါ။ ပြီးရင် သံပုယိုသီး (သို့) သံပုရာသီးကို အရည်ညှစ်ပါ။ ပြီးရင် သေချာရောပေးပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။ အာလူးနဲ့ သံပုရာသီး (သို့) သံပုယိုသီးတို့မှာ သဘာဝတိုင်း အသားအရေဖြူဝင်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အသားအရေကို ကြည်လင် သန့်စင်စေပါတယ်။

အာလူးနဲ့ သခွားသီး

Cucumber Potato Skincare

ပါဝင်ပစ္စည်း

သခွားသီးတစ်ခြမ်း

အာလူး ၁ လုံး

ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း

ပါဝင်ပစ္စည်း၂ခုကို သေချာရေဆေး အခွံနွှာပြီး ဖျော်စက်ထဲထည့်ပြီး သေချာကျိတ်ပေးပါ။ ပြီးရင် တော့မျက်နှာပေါ်မှာ သေချာလိမ်းပေးပါ။ ၂၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။

အာလူးနဲ့ မုန်လာဥနီ

ပါဝင်ပစ္စည်း

မုန်လာဥနီ တစ်ခြမ်း

အာလူး ၁ လုံး

ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း

ပါဝင်ပစ္စည်းနှစ်ခုကို သေချာရေဆေးပြီး ဖျော်စက်ထဲထည့်ကာ ကြိတ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်သေချာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေဆေးချပါ။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။