အသားအရေနဲ့ ပတ်သက်လို့ အမြဲရင်ဆိုင်နေရတဲ့ ပြဿနာတွေကတော့ အမည်းစက်ဖြစ်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ အမာရွတ်ကျန်ခဲ့ခြင်း၊ နေလောင်ခြင်း၊ ယားယံခြင်း၊ အကြောပြတ်ခြင်းတွေပါပဲ။

အခုလို ဖြစ်တတ်တဲ့ သင့်ရဲ့ အရေပြားဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ထည့်ရမယ့် ပါဝင်ပစ္စည်းတွေက

သန့်စင် အုန်းဆီ စားပွဲတင်ဇွန်း ၆ ဇွန်း

ရှားစောင်းလက်ပပ် အနှစ် စားပွဲတင်ဇွန်း ၆ ဇွန်း

တို့ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေအားလုံးကိုသေချာရောလိုက်ပါ။ ပြီးရင် ညအိပ်ယာမဝင်ခင် (သို့) ရေချိုးပြီးတဲ့နောက် သင့်အသားအရေရဲ့ လိုအပ်တဲ့နေရာမှာ လိမ်းပေးရမှာပါ။

လိမ်းပြီးရင် ညင်သာစွာနှပ်ပေးပါ။ ၁နာရီလောက်ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ပြီး ခရင်မ်တမျိုးမျိုး လိမ်းပေးထားလိုက်ပါ။

ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကိုသုံးပြီး ကြည်လင်တဲ့ အသားအရေကို အရယူလိုက်ပါနော်။

အုန်းဆီရဲ့အကျိုးကျေးဇူး

အုန်းဆီမှာ Fatty Acid, ပရိုတင်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ သင့်အသားအရေကို စိုပြေစေပြီး တစ်ရှုးအသစ်တွေကို ပြန်ဖြစ်စေပါတယ်။

အမာရွတ်တွေကိုလည်း သက်သာစေသလို နေလောင်ကွက်တွေကိုလည်း သက်သာစေပါတယ်။ သင့်အသားအရေကို ကြည်လင်စေပါတယ်။

ရှားစောင်းလက်ပပ်ရဲ့ အကျိုးကျေးဇူး

ရှားစောင်းလက်ပပ်မှာ ဗီတာမင် A,B, C ပါဝင်ပြီး သင့်အသားအရေကို နုပျိုစေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျှော့ချပေးနိုင်ပါတယ်။ သတ္တုဓာတ်နဲ့ Fatty Acid ပါဝင်လို့ သင့်အသားအရေကို ပိုပြီး နုပျိုစေမှာပါ။ရောင်ရမ်းမှုကို သက်သာစေသလို၊ ဘက်တီးရီးယားကိုလည်း သေစေနိုင်ပါတယ်။