၀မ်းဗိုက်မှာ အဆီစုတာဟာ ဝတဲ့သူတွေမှမဟုတ်ပါဘူး။ ပိန်တဲ့သူတွေမှာလည်း အဆီတွေရှိနေတတ်ပါတယ်။ အစားအများကြီးစားတာလည်းမဟုတ်ဘဲနဲ့ ဘာလို့ အခုလို အဆီတွေစုနေတာလဲလို့ အဖြေရှာရခက်နေသူတွေအတွက် မျှဝေပေးသွားမယ်နော်။

၁။ အသင့်စားအစားအစာတွေကို စားသုံးနေဆဲဖြစ်နေလို့ပါ

လေ့ကျင့်ခန်းလုပ်တယ်ဆိုပေမယ့်လည်း သင်ဟာ အသင့်စားအစားအစာတွေကို စားသုံးနေဆဲဖြစ်ရင် ထိရောက်မှာမဟုတ်ပါဘူး။ အသင့်စားအစားအစာတွေ အရမ်းစားရင် ဝမ်းဗိုက်မှာအဆီတွေစုတတ်တာကို သတိရပါနော်။

၂။ အဆီလုံးဝမစားဘူး

သင်အဆီလုံးဝမစားဘူးလို့ တွေးနေတာ၊ အဆီတွေလုံးဝမစားဘဲနေတာဟာလည်း သင့်ဝမ်းဗိုက်ကအဆီကျဖို့ အကူအညီမဖြစ်ပါဘူး။

သံလွင်ဆီ၊ ထောပတ်သီး၊ အခွံမာသီး၊ နေကြာစေ့နဲ့ ဆဲလ်မွန်တို့လို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီတွေပါဝင်တဲ့ အစားအစာကို စားပေးပါ။

၃။ မှန်ကန်တဲ့ လေ့ကျင့်ခန်းမလုပ်ခြင်း

တခါတလေမှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ က တာတွေချည်း လုပ်နေလို့လည်း မထိရောက်ပါဘူး။ ဝမ်းဗိုက်ချပ်ချင်ရင်တော့ ဝမ်းဗိုက်ချပ်စေတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးဖို့လိုအပ်ပါတယ်။

၄။ စိတ်ဖိစီးမှုကြောင့်

ဝမ်းဗိုက်မှာ အဆီတွေစုရတဲ့ အဓိက တရားခံကတော့ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုများရင် ဝမ်းဗိုက်မှာ အဆီတွေ ပိုဖြစ်စေပါတယ်။

၅။ အိပ်ရေးဝအောင်မအိပ်ခြင်း

အိပ်ရေးဝအောင်မအိပ်တာ (သို့) အိပ်ချိန်များလွန်းတာဟာ သင့်ဝမ်းဗိုက်က အဆီတွေကို ပိုပြီးဖြစ်စေပါတယ်။ အဲဒီလိုအိပ်ရေးမဝတာ၊ အိပ်ချိန်များလွန်းတာဟာလည်း ခါးမှာအဆီပိုတွေဖြစ်စေလို့ အိပ်ရေး၀၀ အိပ်ပေးပါ။

ဘယ်လိုဖြေရှင်းမလဲ

သင့်အနေနဲ့ ငါဝိတ်ကျချင်တယ်ဆိုတာထက် ငါဝိတ်ကျသွားနေပြီလို့ တွေးပေးပါ။

မနက်ခင်းမှာ ရေနွေးနဲ့ သံပုရာရည် ဖော်ပြီးသောက်ပါ။

အသီးအရွက်များများစားပါ။ အစာမစားဘဲ မနေပါနဲ့။

အရက်မသောက်ပါနဲ့။ ပရိုတင်းဓာတ်စားသုံးပါ။

စိတ်ဖိစီးမှုကိုလျှော့ချပါ။

တစ်နေ့ကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီထိအိပ်ပေးပါ။

ဆဲလ်မွန်ငါး တို့လို Omega 3 Fatty Acids ပါတဲ့ ငါးစားပေးပါ။

တစ်လအတွင်း ဘယ်လိုထူးခြားမှုမှ မရသေးရင်တောင် ဇွဲမလျှော့ပါနဲ့။