အမျိုးသမီးတွေအတွက် အမွှေးများတာဟာ စိတ်ညစ်စရာပါ။ ဒီတခါမှာတော့ သင့်ရဲ့ မျက်နှာ (သို့) တခြားနေရာတွေမှာ ရှိတဲ့ မလိုအပ်တဲ့အမွှေးအမျှင်တွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

အမွှေးတွေကို ဖယ်ရှားဖို့ ဈေးကြီးပေးရတဲ့ ကုန်ပစ္စည်းတွေနဲ့မဟုတ်ဘဲ သဘာဝနည်းလမ်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

Aspirin ဆေး ၅ လုံး

ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်

ပြင်ဆင်ခြင်း

မျက်နှာပေါ်က မလိုချင်တဲ့ အမွှေးတွေကို ဘယ်လိုဖယ်ရှားမလဲ

အရင်ဆုံး Aspirin ဆေးတွေကို အမှုန့်ဖြစ်အောင် ကြိတ်လိုက်ပါ။ အဲဒီနောက် ခွက်တစ်လုံးထဲထည့်ပြီး တခြားပါဝင်ပစ္စည်းတွေထည့်ပါ။ အဲဒီနောက် သေချာ သမအောင်မွှေပေးလိုက်ပါ။

ရေနွေးပူပူထကို အဝတ်စအသန့်တစ်ခု နှစ်ပြီး အရည်ညှစ်ချလိုက်ပါ။ ပြီးရင် အမွှေးရှိတဲ့နေရာမှာ သုတ်ပေးလိုက်ပါ။ အဲဒီနောက် ခြောက်အောင်ထားပြီး စောစောက ရောထားတာကို အမွှေးရှိတဲ့နေရာမှာ လိမ်းပေးထားလိုက်ပါ။ နာရီဝက် (သို့) ခြောက်အောင်ထားပြီး ရေနွေးလေးနဲ့ ပြန်ပြီး ဆေးချပါ။