မျက်နှာပေါ်က အရေးကြောင်းတွေ ဝက်ခြံတွေ ကင်းစင်စေပြီး ကြည်လင်စိုပြေတဲ့ အသားအရေပိုင်ဆိုင်နိုင်ဖို့ လူကြိုက်အများဆုံး မျက်နှာပေါင်းတင် နည်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ပျားရည်နဲ့ သင်္ဘောသီး

သင်္ဘောသီး ၂ စိတ်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

သင်္ဘောသီးကို ကြိတ်စက်ထဲ ကြိတ်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ပျားရည်ထည့်ပါ။ အဲဒီနောက် မျက်နှာကို သန့်ရှင်းရေးအရင် လုပ်ပေးပြီးမှ မျက်နှာပေါ် လိမ်းပေးပါ။ ၁၅ မိနစ်ကနေ မိနစ် ၂၀ ထိထားပြီး ရေနဲ့ ဆေးချပါ။ ပြီးရင် Moisturizer လိမ်းပေးထားလိုက်ပါ။

၂။ ငှက်ပျောသီး

ပါဝင်ပစ္စည်း

ငှက်ပျောသီး တစ်ခြမ်း

ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ငှက်ပျောသီးကို ပြဲသွားအောင်လုပ်လိုက်ပါ။ ပြီးရင် ပျားရည်နဲ့ သံပုယိုရည် ထည့်ပါ။ သေချာမွှေလိုက်ပြီး မျက်နှာကို အရင်သစ်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားကာ ရေဆေးချလိုက်ပါ။

၃။ ခရမ်းချဉ်သီး

ပါဝင်ပစ္စည်း

ခရမ်းချဉ်သီး ၁ လုံး

ကွေကာအုတ်(Oatmeal) စားပွဲတင်ဇွန်း ၁ ဇွန်း

ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ခရမ်းချဉ်သီးကို အတုံးသေးသေးလေးလှီးပြီး ဖျော်စက်ထဲထည့်ကာ ကြိတ်လိုက်ပါ။ ပြီးရင် ကွေကာအုတ်နဲ့ ဒိန်ချဉ်ထည့်ပြီး ထပ်ကြိတ်ပေးပါ။ အဲဒီနောက် မျက်နှာကို သေချာသန့်ရှင်းရေးလုပ်ပြီး မျက်နှာနဲ့ လည်ပင်နားကိုလိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။