လိမ္မော်သီးကို မကြိုက်တဲ့သူ ခပ်ရှားရှားဖြစ်မယ်ထင်ပါတယ်။

လိမ္မော်သီးစားပြီးတိုင်း အခွံကို လွှင့်မပစ်လိုက်ပါနဲ့နော်။ လိမ္မော်ခွံဟာ အလှအပအတွက် တကယ်ကိုအသုံးဝင်ပါတယ်။

မျက်နှာပေါ်ကအရေးအကြောင်းတွေကို ပျောက်ကင်းစေတဲ့အပြင် အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးလို့ အရွတင်နုပျိုစေမှာပါ။

ပါဝင်ပစ္စည်း

 

လိမ္မော်ခွံ

ကွေကာအုတ်

ပြလုပ်ရမဲ့နည်းကတော့

 

လိမ္မော်ခွံကို ရေသေချာဆေးပြီးကြိတ်ပေးရမှာပါ။ ရလာတဲ့အမှုန့်ကို ကွေကာအုတ်အမှုန့်နဲ့ရောပေးပါ။ ပြီးရင်ပျားရည်အနည်းငယ်ထည့်ပြီး မျက်နှာနဲ့ လည်ပင်းမှာလိမ်းပါ။

၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီးရင် ရေအေးနဲ့မျက်နှာသစ်ချပါ။

အလှအပအတွက် ငွေတကူးတက အကုန်ကျခံစရာမလိုတော့ပါဘူး။