နနွင်းဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ဖြူဝင်းစေတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။

လိမ္မော်သီးမှာလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အပြင် Citric အက်ဆစ်ဓါတ်တွေပါဝင်လို့ အသားအရေကို သန့်စင်ပေးနိုင်ပြီး ဖြူဝင်းစေပါတယ်။

အတွင်းသားအသားအရေပျက်ဆီးတာဟာ လူမမြင်ရဘူးဆိုပေမဲ့လည်း ဂရုစိုက်ဖို့လိုပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ရဲ့ အသားအရေကို အကောင်းဆုံးဂရုစိုက်ချင်ကြတာဖြစ်လို့ အတွင်းသားအသားအရေ ညိုမဲနေတာတွေဟာ တကယ့်ပြဿနာအကြီးကြီးပါပဲ။

မြန်မာပြည်မှာတော့ သိပ်မဝတ်ကြပေမဲ့ ကမ်းခြေတွေသွားတဲ့အခါ Bikini လှလှလေးတွေကို မိန်းကလေးတိုင်း ဝတ်ဖူးချင်ကြမှာပါနော်။ ချိုင်းကြား၊ ပေါင်ကြား ၊ လည်ပင်းနား က ညိုမဲနေတာတွေ သက်သာစေဖို့ အခုပဲ အသုံးပြုလိုက်ရအောင်ပါ။

ပြုလုပ်နည်း

လိမ္မော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရောပြီး သေချာမွှေပေးပါ။ ပြီးရင် ညိုမဲနေတဲ့ အသားအရေတွေမှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။

ပြုလုပ်နည်း ၂

အပိုလက်ဆောင်အနေနဲ့ ရှားစောင်းလက်ပက်ကိုလည်းအသုံးပြုလို့ရသေးတယ်ဆိုတာ သတင်းကောင်းပါးလိုက်ချင်ပါတယ်။ ရှားစောင်းလက်ပက်အနှစ်ကို ညိုမဲနေတဲ့ အသားအရေမှာလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေနွေးနဲ့ ဆေးချပါ။ ဒီနည်းလမ်းကို ရေချိုးပြီးရင် လုပ်ပေးပါ။ တစ်ပတ်ကို ၂ကြိမ်ပုံမှန်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာမှာပါ။