သွား မျက်နှာ လက်သည်း ခြေထောက်စတဲ့နေရာလေးတွေကို ၇ ရက်အတွင်း လှပသွားစေမယ့် အဆီ ၄ မျိုးကို မျှဝေပေးချင်ပါတယ်။

အုန်းဆီ

အုန်းဆီကို သွားတွေဖြူဝင်းဖို့နဲ့ ဆံကေသာ နက်မှောင်သန်စွမ်းဖို့ အသုံးပြုကြပါတယ်။ အုန်းဆီခဲကို သွားတိုက်တံပေါ် တင်ပြီး ၂ မိနစ်လောက် သွားကိုသေချာတိုက်ပေးပါ။ သွားတွေဖြူဝင်းလာမှာဖြစ်ပါတယ်။

ဆံကေသာအတွက်ဆိုရင်တော့ အုန်းဆီကို အပူပေးပြီး ဦးရေပြားနဲ့ ဆံကေသာ အရင်းကနေ အဖျားထိလိမ်းပေးပါ။ ဆံကေသာ နက်မှောင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။

မျက်တောင်မွှေးနဲ့ မျက်ခုံးမွှေးတွေ ထူစေဖို့

ကြက်ဆူဆီကိုအသုံးပြုရမှာပါ။ မျက်လုံးထဲမဝင်ပါစေနဲ့နော်။ ကြက်ဆူဆီကို မျက်တောင်ကော့တဲ့ ဆေးဘူးထဲထည့်ပြီး အဲဒီမျက်တောင်ကော့တဲ့တံနဲ့ မျက်တောင်တွေကို လိမ်းပေးပါ။ မျက်ခုံးမွှေးကိုလည်း လိမ်းပေးနိုင်ပါတယ်။ မျက်တောင်မွှေး မျက်ခုံးမွှေးတွေကို အရှည်မြန်ပြီး ထူစေမှာဖြစ်ပါတယ်။

မျက်နှာအသားအရေအတွက် လက်ဖက်ဆီ

လက်ဖက်ပင်ကရတဲ့အဆီကို ဘက်တီးရီးယားတွ ဝက်ခြံကြောင့် အသားအရေရောင်ရမ်းတာတွေ ထိခိုက်ရှနာတာတွေအတွက် အသုံးပြုနိုင်ပါတယ်။ ဝက်ခြံကိုကုသရာမှာလည်း ကောင်းမွန်ပြီး အဆီပြန်တာကို သက်သာစေပါတယ်။ (အသားအဆီပြန်တဲ့သူတွေ မသုံးပါနဲ့နော်)

ခြေဖနောက်ကွဲတာနဲ့ ခြေသည်းလေးတွေ သန်မာစေဖို့

သံလွင်ဆီမှာ Fatty Acid ပါဝင်ပြီး အသည်းနဲ့အစာအိမ်အတွက်ကောင်းမွန်စေသလို အလှအပအတွက်လည်း အသုံးပြုနိုင်ပါတယ်နော်။ ခြေဖနှောင့်ကွဲတာတွေအတွက် သံလွင်ဆီလိမ်းပေးပါ။ဆံကေသာအတွက်လည်းအသုံးပြုနိုင်ပါတယ်။ လက်သည်းလေးတွေသန်စွမ်းချင်ရင်တော့ သံပုရာသီး ၁ လုံးကိုအရည်ညှစ်ပြီး သံလွင်ဆီနဲ့ရောကာ ၃ မိနစ်လောက် လက်သည်းတွေကို စိမ်ထားပေးပါ။