ချိုင်းကြားအသားအရေ ညိုမည်းနေတာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့စေပါတယ်။ အင်္ကျီလက်ပြတ်လည်း ဝတ်ရတာ အဆင်မပြေတာကြောင့် အခက်တွေ့စေပါတယ်။

ဒါ့ကြောင့် MyHealth Myanmar က စာဖတ်သူတွေအတွက် ချိုင်းကြားအသားအရေ ဖြူဝင်းစေမယ့် နည်းလမ်းကို မျှဝေပေးပါမယ်။

၁။ အာလူး

အာလူးကလည်း သင့်ချိုင်းကြားအသားအရေကို ဖြူဝင်းစေဖို့ အကူအညီဖြစ်စေပါတယ်။ အာလူးကို အခွံနွှာပြီး ပါးပါးလှီးကာ ချိုင်းကြားအောက် ကပ်ပေးထားပါ။ ၅ မိနစ်လောက်ကပ်ထားပြီးရင် ရေသေချာဆေးချပါ။

၂။ သကြား နဲ့ ပျားရည်

အရင်ဆုံး ချိုင်းကြားကို ရေသေချာဆေးပြီး ခြောက်အောင်သုတ်ပါ။ ပြီးရင် သကြားနဲ့ ပျားရည်ရောပြီး ချိုင်းကြားအောက်ကိုသေချာလိမ်းပေးထားပါ။ ပြီးရင် ၃ မိနစ်လောက် ပွတ်ပေးလိုက်ပြီး ခြောက်အောင်ထားပါ။ ပြီးရင် ရေသေချာဆေးချပါ။

၃။ ဒိန်ချဉ်

ဒိန်ချဉ်ဟာလည်း ဆဲလ်သေတွေကို ဖယ်ရှားနိုင်ပြီး သင့်ချိုင်းကြားအသားအရေကို ဖြူဝင်းစေပါတယ်။ ဒိန်ချဉ်ကို ချိုင်းအောက်မှာ သေချာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ ပြီးရင် ရေဆေးချပါ။

၄။ သံပုရာသီး (သို့) သံပုယိုသီး

သံပုရာသီး (သို့) သံပုယိုသီးကို တခြမ်းခြမ်းလိုက်ပါ။ ပြီးရင် အရည်ညှစ်ပြီး သကြားနဲ့ရောလိုက်ပါ။ (သို့) သံပုယိုသီးပေါ်ကို သကြားတင်ပေးလိုက်ပါ။ အဲဒီနောက် ချိုင်းကြားကို သေချာပွတ်ပြီးလိမ်းပေးလိုက်ပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေဆေးချပေးပါ။

အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကို ၂ ရက်တစ်ကြိမ်လောက် ပုံမှန်လုပ်ပေးလိုက်ပါ။ ချိုင်းကြားအသားအရေ ဖြူဝင်းပြီး ယုံကြည်မှုအပြည့်နဲ့ တစ်နေ့တာလုံးကို ဖြတ်သန်းနိုင်ပါစေနော်။