အသားအရေ အဆီပြန်နေလို့ စိတ်ညစ်နေလား။ အဆီပြန်တတ်တဲ့အသားအရေက ကိုယ်အသုံးပြုမယ့် အလှပြင် ပစ္စည်းတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သူများနဲ့ တည့်ရင်လည်း ကိုယ်နဲ့ တည့်ချင်မှတည့်တာမို့ပါ။ ဒီတခါတော့ အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေအတွက် နည်းလမ်း ၂ သွယ်ကို မျှဝေပေးပါမယ်။

၁။ သံပုယိုရည် နဲ့ပျားရည်

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း (သံပုရာရည် သုံးချင်လည်းရပါတယ်)

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

အသုံးပြုနည်း

ပါဝင်ပစ္စည်းနှစ်မျိုးကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးလိုက်ပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

ဝက်ခြံလည်း အရောင်လျော့ပြီး အသားအရေလည်း တဖြည်းဖြည်း ဖြူဝင်းလာမှာပါ။ ဝက်ခြံကြောင့်ဖြစ်တဲ့ အာမာရွတ်တွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

၂။ ပဲမှုန့် နဲ့ ဒိန် (Curd)

ပဲမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဒိန် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ။ အရည်က အရမ်းပျစ်နေရင် သံပုရာရည် ၂ စက်နဲ့ နနွင်းမှုန့် နည်းနည်း ထည့်နိုင်ပါတယ်။ ပြီးရင် သေချာထပ်မွှေလိုက်ပြီး မျက်နှာနဲ့ လည်ပင်းမှာလိမ်းပေးပါ။ မလိမ်းခင်မှာ မျက်နှာကို သေချာသန့်စင်ပြီး ခြောက်အောင်သုတ်ထားဖို့လိုပါမယ်။ လိမ်းပေးပြီးရင် မိနစ် ၂၀ ကနေ ၃၀ ထိထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ ပြီးရင် ရေအေးနဲ့ ထပ်ဆေးပါ။

ဝက်ခြံလည်းသက်သာပြီး အညစ်အကြေးတွေကို သန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။ ၁၀ ရက်ကို တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။