ချွေးပေါက်ကျယ်ပြီး အဆီပြန်နေလို့ စိတ်ညစ်နေလား။ သဘာဝနည်းလမ်းကိုမျှဝေပေးချင်ပါတယ်။

၁။ ရေခဲကပ်ပါ

ရေခဲဟာ ချွေးပေါက်ကိုအချိန်တိုအတွင်းမှာ ကျဉ်းစေနိုင်ပါတယ်။ မျက်နှာကိုသေချာသစ်ပေးပြီးရင် ရေခဲနဲ့ ပွတ်တိုက်ပေးပါ။

အေးအေးလေးနဲ့ အရမ်းလည်းနေလို့ကောင်းသလို ချွေးပေါက်လည်းကျဉ်းစေပါတယ်။

ရေအေးအေးနဲ့ မျက်နှာသစ်မယ်

မျက်နှာသစ်တဲ့အခါမှာ ရေနွေးနည်းနည်းနဲ့အရင်သစ်လိုက်ပါ။ ချွေးပေါက်တွေ ပွင့်သွားမှာဖြစ်ပါတယ်။ ပြီးရင် မျက်နှာသစ်ဆပ်ပြာသုံးပါ။ အဲဒီနောက် ချွေးပေါက်ပြန်ကျဉ်းဖို့ ရေအေးအေးလေးနဲ့မျက်နှာပြန်သစ်ပါ။

ကြက်ဥအကာနဲ့ ပေါင်းတင်မယ်

Source: Well Or Die

ကြက်ဥအကာကို မျက်နှာပေါ်မှာလိမ်းပေးပြီးခြောက်အောင်ထားပါ။ ပြီးရင်ရေအေးအေးနဲ့မျက်နှာသစ်ချပါ။

သကြားနဲ့ သံလွင်ဆီသုံးမယ်

မျက်နှာပေါ်ကအညှစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားနိုင်ဖို့အတွက် အသုံးပြုသင့်ပါတယ်။ ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေဝယ်စရာမလိုပါဘူး။ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ခပ်ဖွဖွလေးပွတ်ပေးပါ။ အဲဒီနောက် ခြောက်အောင် ထားပြီး မျက်နှသြစ်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လုပ်ပေးပါ။